စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက လမ်း ပိုင်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People’s Defence Force အဖွဲ့ထံက သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ တောပုပျူစခန်းက ထွက်လာပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေး ကို ချောင်းဦးမြိုနယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDFတပ်ဖွဲ (၁)၊ Special Force-11(LPDF)Monywa၊ Special ဒိတ်ဒိတ်ကြဲအဖွဲ့နဲ့ Monywa Dynamite(STF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်မြို့မှာ ဆောက်လုပ်နေဆဲ တိုက်ပြိုကျမှု မြန်မာအလုပ်သမားများ ထိခိုက်မှုရှိနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak Area မှာ ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်တဲ့ ငလျင်ကြောင့် ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး လုပ်ငန်းခွင်ရှိ မြန်မာအလုပ်သမားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ စက်မှုဇုန်များတွင် အကြမ်းဖက်စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရေး သတင်းစကားများ ဖြန့်ဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်ဖို့ သတင်းစကားတွေ ဖြန့်ဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ထံက သိရပါတယ်။
Read More

ယနေ့ အသံတိတ်သပိတ်တွင် တနိုင်ငံလုံး ပူးပေါင်းပါဝင်ကြရန် သပိတ်အင်အားစုများ တိုက်တွန်း (ရုပ်/သံ)

ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မယ့် အပြင်မထွက် အသံတိတ် သပိတ်မှာ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ သပိတ်အင်အားစုတွေက အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အသံတိတ်သပိတ်ကို ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြပြီး "တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံ" ဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ဆိုထားပါတယ်။
Read More

သထုံခရိုင်အတွင်း KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား (ရုပ်/သံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကြောင်းထိုးတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲ၊ အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာ သဲလမ်းရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်တာ ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွေကို ‌ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့နယ်စရဖရုံးတွေကို မတ်လ ၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။