အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရက် ၆၀ ကြာမြင့်ခဲ့တဲ့ ဒီသင်တန်းကို တိုက်ခိုက်ရေးစွမ်းရည်ပြည့်ဝစေဖို့၊ စစ်စည်းကမ်းနဲ့ ကျင့်ဝတ် လိုက်နာမှုအားကောင်းဖို့နဲ့ အမိန့်နာခံမှု ရှိဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ သင်တန်းဆင်းပွဲမှာတော့ တပ်ဖွဲ့ တာဝန်ရှိသူတွေ၊ တိုင်းအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

တောင်ဒဂုံတွင် ဆိုင်ကယ်နှင့်ထွက်လာသည့် ပျူစောထီးများ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးပြီး ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁၁ ဦး သေနတ် ၈ လက်၊ ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အမျိုးသား ၂ ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။