ပေါက်ကြားလာတဲ့ ရုပ်သံမှတ်တမ်းအရ အကြမ်းဖက်စစ်တပ် စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့တဲ့ AA တပ်ဖွဲ့ဝင်တွေကို အရေးယူအပြစ်ပေးခဲ့ပြီးဖြစ်တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းမီဒီယာတချို့ကို ရှင်းလင်းပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA က စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့တယ်လို့ Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက် မနေ့က ထုတ်ပြန်ကာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပြီးနောက် သတင်းမီဒီယာတွေက AA ကို ဆက်သွယ်မေးမြန်းရာမှာ ခိုင်သုခက အခုလို ရှင်းလင်းပြောဆိုခဲ့တာပါ။

ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းမှာ တပ်မှူးတစ်ယောက်က သတ်ပစ်ဖို့ အမိန့်ပေးတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ယောက်ကို အာရက္ခတပ်‌တော် (AA) ယူနီဖောင်းဝတ်ဆင်ထားသူ တချို့က ညှင်းပန်းနှိပ်စက်ပြီး လည်ပင်းကို လှီးဖြတ်ခဲ့တာတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ ရရှိထားတဲ့ ဗီဒီယို မှတ်တမ်းနှစ်ခုကို စိစစ်လေ့လာရာမှာ စစ်မှန်မှုရှိနေကြောင်း ယုံကြည်တယ်လို့လည်း Fortify Rights အဖွဲ့က ဆိုပါတယ်။

အာရက္ခတပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ

စစ်သုံ့ပန်းတချို့ သတ်ဖြတ်ခံရတဲ့ ဗီဒီယိုမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလက ကျောက်တော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သတ်ဖြတ်မှုမှာ ပါဝင်သူတွေကို အပြစ်အပေး အရေးယူခဲ့ပြီး ဖြစ်တယ်လို့ ခိုင်သုခက ရှင်းလင်းပြောကြားထားပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှာ ကျောက်တော်မြို့နယ် စကခ ၉ ကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ကာလမှာ အခုလို စစ်စည်းကမ်းချိုးဖောက်ပြီးတော့ ပြစ်မှုကျူးလွန်ခဲ့တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ AA တပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ မိသားစုတွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားတဲ့ မြန်မာ အကြမ်းဖက်စစ်သားတွေကို ဖမ်းမိချိန်မှာ ဒေါသမထိန်းနိုင်ဘဲ အခုလိုမျိုး လက်စားချေတဲ့ ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက်ကာ ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ခိုင်သုခက ရှင်းလင်းပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ အောက်ခြေ တပ်မှူးငယ်တချို့ အပါအဝင် ပါဝင်သူအားလုံးကို ဖော်ထုတ်ပြီးတော့ အရေးယူ အပြစ်ပေးထားပြီးသားဖြစ်သလို AA အနေနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံဘူးလို့ ခိုင်သုခက ဆိုပါတယ်။

AA အနေနဲ့ တပ်ဖွဲ့က စစ်သည်တော်တွေ လူ့အခွင့်အရေးနဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို လိုက်နာဖို့ ပို့ချညွှန်ကြားထားသလို အခုလို ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေဖို့ ဆက်လက် တင်းကြပ်ဆောင်ရွက်သွားမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကို တိုက်ဖျက်ကာ သန်းခေါင်စာရင်းကောက်ပေးသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ လောင်းလုံး ပကဖ သတိပေး

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ ထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေသလို သူတို့လက်အောက်ခံ Non CDM ဝန်ထမ်းတွေ၊ ရဲတွေ၊ ပျူစောထီးတွေကို အသုံးချပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုပ်ဆောင်နေပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးကို ထောက်ခံကြောင်း ဆားလင်းကြီးမှာ ဆန္ဒပြတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး… အတည်ပြုဖို့ လိုနေတဲ့ ၄၇ ဦးကို စာရင်းပြုစုဖို့ လုပ်ဆောင်နေဟု AAPP ဆို..

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် ဝါသဝနှင့် စစ်ကောင်စီတပ်တွေ ကျေးရွာ ၂ရွာကို ဝင်ရောက်စီးနင်း ကလေးငယ်အပါ အရပ်သား၃ယောက်ကို သတ်ပြီး ၃၀နီးပါးကိုလည်း လူသားဒိုင်းလုပ် ဖမ်းဆီးထား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။