စစ်ကိုင်းတိုင်း မုံရွာမြို့နယ်  မုံရွာ-မန္တလေး လမ်းပိုင်းမှာ  ဇန်နဝါရီ ၂၂ ရက်က Acid Tanker Trucks ယာဉ်များ၊ Jumper ယာဉ် ၈ စီးအပါအဝင် အရာရှိတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ မှန်လုံယာဉ် ၃ စီးတို့အား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group တပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း  Acid Tanker Trucks ယာဉ်များ၊ မှန်လုံယာဉ်များ ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ယာဉ်တန်းအား လုံခြုံရေးယူထားတဲ့Jumper ယာဉ်ပေါ်ကနေ ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြ တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Brave Heart Army-BHA ရဲဘော်များမှ ဦးဆောင်ပြီး Chindwin Fighter Group-CFG ရဲဘော်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပျံလွှားစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ -နွားထိုးကြီးလမ်းပိုင်း မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ- နွားထိုးကြီးလမ်းပိုင်းရဲ့ ငလျင်ပြတ်ရွေ့ကြောအခြေအနေကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်နိုင်ဖို့ Black Panther Column မှ တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးနဲ့ ချေမှုန်းရေးတပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

KNDF တော်လှန်ရေးခေါင်းဆောင် ခူးရီးဒူပြောစကား (ရုပ်သံ)

''ကျနော်တို့ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက လူထုကို ကြောက်ရမှာဖြစ်တယ်။ ကျနော်တို့သည် အမှန်တကယ်လူထုအတွက် အလုပ်အကျွေးပြုပါတယ်ဆိုတဲ့ အဖွဲ့အစည်း မှန်ကန်တယ်ဆိုရင် ကျနော်တို့ လူထုကို ကြောက်ရမှာ။ လူထုကို လိမ်စားမှာကို ကျနော်တို့ ကြောက်ရမှာ။ လူထုကို ညာစားမှာကို ကျနော်တို့ ရှက်ရမှာ''
Read More

ရေဖြူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု ဗိုလ်ကြီး ၂ ဦးအပါ စစ်သားအများအပြား သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းအနီးမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၂ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဓဝယ်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မှတ်တိုင်အမှတ် ၃၁၇ မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၁ ရက် မနေ့ညနေပိုင်းက ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။