ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ကတိုင်ထိ တပ်စခန်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်တပ်အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး ဇန်နဝါရီ ၂၃ရက် ဒီနေ့ မနက်ပိုင်းမှာ ဂျက်တိုက်လေယာဥ်တွေနဲ့ ဗုံးတွေ အဆက်မပြတ် လာရောက်ကြဲချနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီမနက်အစောပိုင်းမှာ စစ်တပ်က ဂျက်တိုက်လေယာဥ်၂စီးနဲ့ ဗုံးကြဲချနေတာ၊ အလုံးရေတော့ များတယ်။ ထိခိုက်မှုအခြေအနေတော့ အသေးစိတ်မသိရသေးဘူး” လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်

“ကတိုင်တိ စစ်တပ်စခန်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာ ကြာပြီ။ စစ်တပ်ကလည်း စခန်းမကျရေး လေယာဥ်တွေ အသုံးပြု ဗုံးကြဲတာနဲ့ ဖာပွန်စစ်ဗျူဟာကုန်းကနေ လက်နတ်ကြီးတွေနဲ့ ပစ်ကူပေးတာတွေ လုပ်နေတာ။ ဒီကနေ့ မနက်ပိုင်းမှာတော့ ဂျက်တိုက်လေယာဥ် ၂စီးနဲ့ ဆက်တိုက်ဗုံးကြဲနေတာ”လို့ အထက်ပါ ဒေသခံကပဲ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဖာပွန်-ကမမောင်း လမ်းတစ်လျှောက်က စစ်တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့တာပါ။ 

အဲဒီလမ်းပေါ်မှာ ကတိုင်တိနဲ့ ကမမောင်း တပ်စခန်း ၂ခုသာ သိမ်းပိုက်ဖို့ ကျန်နေပြီး အခု ကတိုင်တိတပ်စခန်းမှာ စစ်ကောင်စီ တပ်မ ၂၂ လက်အောက်ခံ တပ်တွေနဲ့ နယ်ခြားစောင့်တပ် BGF တွေ တပ်စွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

PDF နှင့် ပကဖ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို NUG ကာကွယ်ရေးဒုဝန်ကြီးက တပ်ဗိုလ်တပ်မှူးများနှင့် ဆွေးနွေးခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က တပ်ဗိုလ်တပ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။
Read More

ကနီမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးမှု NUG ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကား ကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ထားပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။