နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 

လွိုင်ကော်မြို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ဒေသခံတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေဖို့ လွိုင်ကော်တက္ကသိုလ်ကို အမြန်ဆုံးဖွင့်လှစ်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်နဲ့ အနီးစပ်ဆုံးဒေသတွေကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကရင်နီဒေသမှာ နေရာတော်တော်များများကို လက်လွှတ်ဆုံးရှုံးထားရတာ ဖြစ်တာကြောင့် လွိုင်ကော်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရင်တောင် တက်ရောက်မယ့်သူ ရှိနိုင်မှာမဟုတ်သေးပါဘူး။

KNDF တပ်ဖွဲ့ဝင်များ လွိုင်ကော်တက္ကသိုလ်ကို ထိန်းချုပ်ခဲ့စဉ်တုန်းက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – KNDF)

လက်ရှိ လွိုင်ကော်မြို့ပြင် နေရာတွေမှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေသလို လက်နက်ကြီးကျရောက်မှုတွေလည်း ရှိနေပေမယ့် လွိုင်ကော်မှာ ပုံမှန်အတိုင်း ပြန်လည်ပတ်ပြီး တည်ငြိမ်နေပါတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

နေ့သင်တန်း၊ အဝေးသင်တက္ကသိုလ်တွေ တက်ရောက်ဖို့ အခက်အခဲရှိနေကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရေးကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီက အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က ၁ လေးလုံးစစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လွိုင်ကော်တက္ကသိုလ် ပျက်စီးခဲ့ရမှုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ ပျက်စီးခဲ့ရကြောင်း စစ်ကောင်စီက ဝါဒဖြန့် ပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

KNDF ဒုစစ်ဦးစီးချုပ်မာဝီ (ဘယ်) နှင့် ရဲဘော်တစ်ဦးကို လွိုင်ကော်တက္ကသိုလ်ကို ထိန်းချုပ်ခဲ့စဉ်တုန်းက တွေ့ရစဉ် (ဓာတ်ပုံ မာဝီ)
0 Shares:
You May Also Like
Read More

လက်ပံတန်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ကျဥ်း ၅ ဦးကို ထောင်ဗူးဝတင် စစ်အုပ်စု ပြန်ဖမ်း၊ မတရား အမှုထပ်ကပ်ကာ အကျဉ်းထောင် ပြန်ပို့ထား

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို စစ်အုပ်စုက ထောင်ဗူးဝမှာတင်ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်မြို့ မြန်မာပလာဇာတွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံး၊ စစ်အုပ်စု အုပ်ချုပ်သည့်ကာလ မြို့ပေါ်မှာပင် လုံခြုံမှု မရှိတော့

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာပလာဇာစျေးဝယ်စင်တာရဲ့ ကားပါကင်မှာ အမျိုးသမီးတစ်ယောက် ဓားနဲ့ထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးရရှိခဲ့ ဟု စစ်ကောင်စီ ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ မနက်ပိုင်း အလံတင်အလေးပြု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခရိုင်လှုပ်ရှားတပ်ရဲဘော်တွေ တစ်နေ့တာအစ မနက်ပိုင်းမှာ အလံတင်အလေးပြုတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။