မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောနယ်ရဲစခန်းအား ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (ANyar Eagles) အဖွဲ့ထံက သိရပါတယ်။

ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရှိ လင်းကတောနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ မီးလောင် ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အရေအတွက်အတိအကျကို စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Eagle Brigade (ANyar Eagles) ၊ Eagle Fighters (Myaing) ၊ MPL ၊ နဂါးနီ အဂ္ဂ ၊ ရေစကြို (Phoenix) နဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၀တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ လောင်းလုံးပကဖ ထုတ်ပြန် (ရုပ်/သံ) 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ဇွန်လတစ်လတာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို လောင်းလုံးပကဖ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

အမျိုးသားလွတ်မြောက်‌ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ယာဉ် ၁ စီး ပျက်စီးပြီး ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၈ ရက်က ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို ပဒေသာမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁)ထံက သိရပါတယ်။
Read More

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲပါဝင်ခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်း (ရုပ်/သံ)

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ထိုင်းနိုင်ငံမှာ ပညာဆည်းပူးနေစဉ် ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲဝင်ရောက်လာခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်းအကြောင်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က ရုပ်သံမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။
Read More

ကနီမြို့နယ် မုဋောအရှေ့ရွာဆိပ်ကမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက်ဒဏ်ရာရပြီး ဆီကားနဲ့ ဆိုင်ကယ်များ မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဋောအရှေ့ရွာ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။