ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ မူတြော်ခရိုင် ကရင်လူငယ်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် စောသေးလာထူး၊ ဒုဥက္ကဋ္ဌအဖြစ် နော်ဖောလားဟေး၊ အတွင်းရေးမှူးအဖြစ် စောနသဲနေယယ်စေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် စောအယ်သာဖွီးနဲ့ အလုပ်မှုဆောင် ကော်မတီဝင် (၉) ယောက်တို့ကို အစည်းအဝေးရဲ့ လျှို့ဝှက်မဲခွဲဆုံးဖြတ်ချက်နဲ့ ရွေးကောက်တင်မြောက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။ 

ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ခရိုင်အတွင်းရှိ မြို့နယ်သုံးခုက ရွေးကောက်ခံကိုယ်စားလှယ်များ၊ အီးတူထာနေရပ်ရွှေ့ပြောင်း နေထိုင်သူစခန်းက လူငယ်ကိုယ်စားလှယ်များ၊ ခရိုင်စစ်ဘက်ဆိုင်ရာ လူငယ်ကိုယ်စားလှယ်များ အမျိုးသမီး (၃၆) ယောက်နဲ့ အမျိုးသား (၄၅) ယောက် စုစုပေါင်း (၈၁) ဦး ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ချမှတ်ထားတဲ့ မူဝါဒလမ်းစဥ်အတိုင်း ဗဟိုကရင်လူငယ်အစည်းအရုံးက ခေါင်းဆောင်တွေနဲ့ ခရိုင်၊ တပ်မဟာ ခေါင်းဆောင်တို့ရဲ့ ဦးဆောင်မှုနဲ့ မူတြော်ခရိုင်ကွန်ဂရက်ကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဗဟိုကရင်လူငယ်အစည်းအရုံးက ပဒိုစောလယ်နယ် (ဗဟိုကရင်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ) နဲ့ စောဆဲခူကော် (ဗဟိုကရင်လူငယ်အစည်းအရုံး ဒုဥက္ကဋ္ဌ) တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ခွန်အားဖြည့်သင်္ကြန်ပွဲ ပြုလုပ်၊ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တက်ရောက် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ကျင်းပပြုလုပ်တဲ့ ခွန်အားဖြည့်သင်္ကြန်ပွဲကို အမျိုသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တက်ရောက်ပြီး နှစ်သစ်ဆုတောင်းနဲ့ မြန်မာနိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ပထအအကြိမ်ထိုးစစ်မှာ မသိမ်းပိုက်နိုင်ခဲ့တာကြောင့် “သက်ရှိစည်းရိုး”ဟု စစ်တပ်ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့သည့် ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်များ စတင်ထိုးစစ်ဆင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ချောက်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။