စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်အတွင်း အကြမ်းဖက်စစ်သား ၂ ယောက်သေကာ ၂ ယောက် ထိခုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရစစ်သားတွေကို ဘက်ဆုံခြံဆီ ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ချောင်းဦးမြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိသားစုနဲ့ကွဲပြီး အာဟာရပြတ်နေသည့် အဘွားအိုကို PDF ရဲဘော်များ ဘေးကင်းရာသို့ ပို့ဆောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိမ်းရှောင်ရင်း မိသားစုနဲ့ကွဲကာ အာဟာရပြတ်ပြီး လဲနေတဲ့ အဘွားအိုတစ်ယောက်ကို ဘေးလွတ်ရာသို့ ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၇ တပ်ရင်း ရဲဘော် ၁ ယောက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ဖီမော်မြို့ ကန်ဖန့်ရွာမှာ အလင်းဝင်လာခဲ့တဲ့ ပြည်သူ့စစ် ၁၀၀ ကျော်အတွက် KIA က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်

ကချင်ပြည်နယ် ဖီမော်မြို့ ကန်ဖန့်ရွာမှာ အလင်းဝင်လာခဲ့တဲ့ ပြည်သူ့စစ် ၁၀၀ ကျော်အတွက် KIA က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ် (ရုပ်/သံ)နိုဝင်ဘာ ၉ ၊၂၀၂၄ကချင်ပြည်နယ် ဖီမော်မြို့ ကန်ဖန့်ရွာမှ နိုဝင်ဘာ ၅ ရက်က အလင်းဝင်ရောက်လာတဲ့ ပြည့်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
Read More

ရွှေတစ်ဂူကျေးရွာမှာ ပြည်သူ့စစ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ပူးပေါင်းအထိုင်ချစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က PNO ပြည်သူ့စစ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ပူးပေါင်းအထိုင်ချထားတဲ့ စခန်းကို ကရင်နီတပ်‌ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို P3-1109 Phoenix Battalion က ထုတ်ပြန်လိုက်ပါတယ်။
Read More

နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးထွက်လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

နေပြည်‌တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရတနာမြေကျေးရွာအနီး နယ်မြေရှင်းလင်းရေး ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ မြို့သစ်ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။