အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အား​စုတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဥ်ဗုံးသီးတွေ အချောသတ်ထုတ်လုပ်ရာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီ အရာရှိစစ်သည် ၉ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေယာဥ်ဗုံးသီးတွေထားရှိရာ ကွန်တိန်နာဗုံး အအေးခန်းထိန်းချုပ်ဂိုဒေါင် ၃ခု ပြိုကျပျက်စီးပြီး ကုန်ကြမ်းဂိုဒေါင် မီးလောင်ပျက်စီးခဲ့တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့  No More Dictatorship People Defence Force_NMD ရဲ့ တာဝန်ခံ ကိုချာလီက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၁၈ရက်၊ မနေ့က ညနေပိုင်းမှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၂၁) စက်ရုံအတွင်း ကို Brave Warriors For Myanmar (BWM) ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး(၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး (၇) လုံး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဗုံးကြဲသတ်ဖြတ်ရာမှာ အဓိက အသုံးပြုနေတဲ့ ပေါင်(၂၅၀)၊ ပေါင် (၅၀၀) ဗုံးသီးတွေအပါအဝင်  Cluster ဗုံးသီးတွေနဲ့တိုက်လေယာဥ်သုံး လူသတ်ဗုံးသီးအမျိုးမျိုးကို ထုတ်လုပ်နေတဲ့ စက်ရုံဖြစ်တာကြောင့်အခုလို တိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်။

“လေယာဥ်ဗုံးသီးတွေကို ကပစ ၂၁မှာ အချောသတ်တာပေါ့။ ထိခိုက်တာတွေကတော့ ထုတ်ပြန်ထားသလိုအပြင် နောက်ထပ်သတင်းရင်းမြစ်အရ စက်ရုံ ၃ရုံ ထိတယ်။ ပစ္စည်းတွေ တပ်ဆင်ပြီး နောက်ဆုံး Quality စစ်တဲ့ နေရာရယ်၊ ရှင်းလင်းရေးဆောင်ရယ်၊ လူကြီးလာရင် ဧည့်ခံတဲ့ အဆောင်ရယ်ထိပါတယ်။” လို့ No More Dictatorship People Defence Force_NMD ရဲ့ တာဝန်ခံ ကိုချာလီက မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ  No More Dictatorship People Defence Force_NMD၊ Shadow (Mandalay)၊ Eagle Brigade (ANyar Eagles) အဖွဲ့နဲ့ ဒေသခံ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်အခြေစိုက်  ကလလတ တပ်ရင်း ၆၂၆ ၊ တပ်ခွဲ (၁) မှ ဒုတပ်ခွဲမှူး ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ ကလလတ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုး NUG လက်ခံမှာမဟုတ်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော… နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ မြန်မာနိုင်ငံတင်မက ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်ဟု ဆို…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်နိုင်ငံရဲ့ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်(Press Briefing) - ၁၀/၂၀၂၅" မှာ ပြောဆိုလိုက်ပါတယ်။
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။