မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရေလယ်ကျွန်းဒေသ၊ သာ​ဂေါင်ကျေးရွာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သား၂ယောက် သေဆုံးပြီး ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီလ ၁၆ရက်၊ မနေ့က နေ့လည်ပိုင်းမှာ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ သာဂေါင်ရွာခံ အသက် ၁၆နှစ်အရွယ် မောင်ထွန်းလင်းကျော်နဲ့ အသက် ၅၅နှစ်အရွယ် ဦးမောင်မြင့်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃ယောက်ရှိပြီး အိမ်မွေးတိရိစ္ဆာန်ဖြစ်တဲ့ နွားနဲ့ဝက်တွေလည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဂျက်ဖိုက်တာ၂စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂လုံးကြဲသွားတာပါ။ ၁၅ရက်နေ့ ည ၁နာရီလောက်ကပါ။ တိုက်ပွဲမရှိဘဲ ဒီအတိုင်းလုပ်သွားတာပါ။ ဒဏ်ရာရတဲ့သူတွေကတော့ ခေါင်းတွေဘာတွေ ထိထားတာရှိပေမယ့် လက်ရှိ အသက်အန္တရယ်ကတော့ မစိုးရိမ်ရတော့ပါဘူး” လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိမှာလည်း ပခုက္ကူ-ရေစကြိုလမ်းပိုင်းကဆင်ချောင်းပျူစောထီးရွာထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်နေ့ကလည်း ရေစကြိုမြို့မ ရဲစခန်းရှေ့ စစ်ကောင်စီဂိတ်ကနေ သေနတ်နဲ့ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီး၁ယောက် ဆီးခုံ ကျည်ထိမှန်ခဲ့ပါသေးတယ်။

ရေစကြို၊ ရေလယ်ကျွန်းဒေသ၊ သာဂေါင်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် မြင်ကွင်းများ (ဓာတ်ပုံ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

Burma Revolution Rangers ထံ ပခုက္ကူအခြေစိုက် တပ်ရင်းများမှ စစ်သားအယောက် ၃၀ နီးပါး အလင်းဝင်ရောက်ထား၊ အများစုက စစ်မှုထမ်းများ ဖြစ်

စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီးချိန်က စလို့ ဒီကနေ့အထိ Burma Revolution Rangers တပ်ဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါး အလင်းဝင်ခိုလှုံထားကြောင်း တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က မောင်းကို ပြောပါတယ်။
Read More

ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ရန်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၉ ဦး သေပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မင်းမော်ကွန်း ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။
Read More

NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက PDF သင်တန်းသူ၊ သင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းတွေဆီ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး လှုပ်ရှားနယ်မြေအတွင်းရှိ ပြည်သူလူထုနှင့် စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။