မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးက မြို့နယ်(၇)မြို့နယ်မှာ ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက်အထိ (၂)ပတ်အတွင်း စစ်ကောင်စီရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ  စုစုပေါင်း ၁၂၀ ကျော်ရှိတယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေပြင်သတင်းအချက်အလက်(Scout Network) တွေနဲ့ မီဒီယာတွေရဲ့ ဖော်ပြမှုကို အခြေခံပြီး စာရင်းပြုစုထားတာ ဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက ဆိုပါတယ်။

မြို့နယ်အလိုက် ဖမ်းဆီးခံရမှုတွေအဖြစ်  အောင်မြေသာဇံက ၁၉ ယောက်၊ ချမ်းအေးသာဇံက ၁၅ယောက်၊ မဟာအောင်မြေက ၁၇ ယောက်၊ ချမ်းမြသာစည်က ၁၉ ယောက်၊ ပြည်ကြီးတံခွန်က ၁၉ ယောက်၊ အမရပူရက ၁၈ ယောက်နဲ့ ပုသိမ်ကြီးမြို့နယ်က ၁၅ယောက်၊ စုစုပေါင်း ၁၂၂ယောက်ထက်မနည်း မတရားဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။  

တဆက်တည်းမှာပဲ စစ်ကောင်စီက မန္တလေးမြို့ထဲမှာ လူငယ်လူရွယ်တွေရဲ့ ဖုန်းတွေကို အဓိကပစ်မှတ်ထား စစ်ဆေးပြီး VPN အကြောင်းပြ ဖမ်းဆီးမှုတွေ ၊ ငွေညှစ်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ လူငယ်တွေကို  နေ့ည အချိန်မရွေးဖမ်းဆီးခြင်း၊ ညအချိန်မတော် ဧည့်စာရင်းဥပဒေ အကြောင်းပြပြီး ဖမ်းဆီးခြင်း၊ အလုပ်ကပြန်လာတဲ့  လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မလေးရှားနှင့် အာဆီယံတို့ မြန်မာမှာ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးမည်ဟု ဆို

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံကို တရားဝင် လာရောက်မှာဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အကောင်အထည်ဖော်ရေး နည်းလမ်းတွေနဲ့ အခြားအကြောင်းအရာတွေ ဆွေးနွေးမှာဖြစ်ကြောင်း Bernama သတင်းက ဩဂုတ်လ ၁၄ ရက်မှာ ဖော်ပြထားပါတယ်။ 
Read More

ရန်ကုန်ရှိ စစ်ကောင်စီ၏ ကမာရွတ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ.....ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ...အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်”
Read More

စစ်ကိုင်းငလျင်ကြီးအပြီး ၅ လနီးပါး ကြာမြင့်ချိန် Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁ လောင်း တွေ့ရှိ…

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုမှ အလောင်း ၁ လောင်း ထပ်မံ တူးဖော်ရရှိကြောင်း စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ

အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ 
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။