မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မြဝတီမြို့ဆီ ချီတက်နိုင်ဖို့ ကြိုးစားရင်း တိုက်ခိုက်ခံရပြီး ဖွဲ့စည်းပုံပျက်သွားလိုက် အင်အားပြန်ဖြည့်လိုက် လုပ်နေတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေက ဇန်နဝါရီ ၁၂ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဇန်နဝါရီလ ၁၂ရက်ကပါ။ အောင်ဇေယျစစ်ကြောင်းလို့ နာမည်ပေးထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းတစ်ခုပေါ့။ လက်နက်ခဲယမ်းအမြောက်အများရရှိခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူး” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ထိခိုက်ကျဆုံးမှုစာရင်း အတိအကျကို မသိရဘဲ ရှေ့တန်းစခန်းဖြစ်တာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းပြီး ပြန်လည်ဆုတ်ခွါခဲ့တယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီ အကြမ်းဖက်စစ်တပ်စခန်းကို ဗျူဟာ ၃၂ စစ်ကြောင်းတွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ Venom စစ်ကြောင်းတို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဗျူဟာ ၃၂ နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ Black Panther Column)

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်၏ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ် Union Liberation Front - ULF စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းထီနှင့် အွန်လိုင်းဈေးရောင်းသည်ဟုဆိုကာ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၂ ဦးကို စစ်ကော်မရှင် ဖမ်းဆီး 

အာဏာသိမ်းစစ်ကော်မရှင်က အွန်လိုင်းပေါ်မှာ ထိုင်းထီနဲ့ ဈေးရောင်းချမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပါတယ်။
Read More

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို တည်ဆောက်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲကြေညာ၊ MNDAA ရဲ့ ရှေ့မတိုးနောက်မဆုတ် ကြေညာချက်ကို တန်ပြန်ထုတ်ပြန်ခြင်းဟု လည်းဆို

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို အခြေခံမူများနဲ့ အညီ တည်ဆောက်သွားမယ်လို့ တော်လှန်ရေးအင်အားစု ၉ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာပြင်းထန်သူ ၃ ဦး ရှိ၊ ဗဟိုကင်းနှင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီးပြီး လိုင်းခန်းတစ်ခုပါ ပြိုကျ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တပ်မ ၃၃ (ခြေမြန်ဌာနချုပ်) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သုံးမော်တော်ယာဥ်တွေနဲ့ ဗဟိုကင်းမီးလောင်ပျက်စီးပြီး သေဆုံးသူ ၈ ယောက်အထိိ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

“Stop the Killing, Start the Healing” စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့တစ်နေရာမှာ "Stop the Killing, Start the Healing" စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

Sky Villa ကွန်ဒိုတွင် ယနေ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မှာ ထပ်မံတွေ့ရှိတယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။