ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့  ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DPLA က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 

ကျောက်ဂူဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုတွေရှိလာတာကြောင့် DPLA နဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွါးလာခဲ့တာပါ။

ပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတွေလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၄ရက် မနက်ပိုင်းမှာ ကျောက်ဂူတိုက်နယ်အတွင်း ၂နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့  လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၅ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ယောက် လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။ 

စစ်ရေးပစ်မှတ်မဟုတ်တဲ့  ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို တိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီက ခဲကြားရွာထဲသို့လည်းကောင်း၊ ဖက်ရင်းကုန်းရွာထဲသို့လည်းကောင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အဆောက်အဦး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ DPLA က ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေတဲ့ ရပ်စောက်မြို့နယ်ထဲက ကျောက်ဂူဒေသဟာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ခမ်းဒေသကို စစ်ကူပို့ရာမှာ အရေးပါတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ကျောက်ဂူရဲစခန်းနဲ့ အမတ-၃၄၉၊ ၅ ရက်နေ့မှာ တောင်ထိပ်ရွာနဲ့ အင်တောမြို့ကြား နေရာတွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က Y12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချမှုတွေလည်း ရှိခဲ့ကြောင်း DPLA က ကနဦး သတင်းတွေ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲမှာ တိုက်ပွဲပြင်းထန်လာပြီး လက်နက်ကြီးတွေအပြင်၊ လေယာဉ်ဗုံးကြဲချမှုတွေပါ ရှိလာတဲ့အတွက် ကျောက်ဂူမြို့ ဒေသခံအများစုဟာ  စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ၏ (၄) နှစ်ပြည့်အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ရဲ့ လေးနှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်က ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ရဲဘော်လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်း ကျည်ထိမှန် ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။