တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၉ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇) တို့က ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရခဲ့သလို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်(၄) ယောက်နဲ့ KNDO တပ်ရင်း(၇)က ရဲဘော်(၃)ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပါဒစက်တော်ရာဘုရားတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်

စစ်ကောင်စီတပ်က စခန်းမကျစေရေးအတွက် Mi-2 ရဟတ်ယာဉ် (၂)စီး၊ K-8W Jet Fighter (၂)စီးတို့နဲ့ လေကြောင်းကနေ (၂၃)ကြိမ်အထိ ဗုံးသီး(၇၀)ခန့် ကြဲချခဲ့ပြီး အပြင်းအထန် ခုခံခဲ့ရာ တိုက်ပွဲမှာ ၇ နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇)နဲ့ ပူးပေါင်း တိုက်ပွဲဝင်နေရာ လက်ရှိအချိန်ထိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ရေးတင်းမာနေဆဲဖြစ်သလို နေ့စဉ်နဲ့အမျှ နှစ်ဖက်အပြန်အလှန် ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ရေးကို ဦးစားပေးနေတဲ့ အာဏာသိမ်းစစ်ကောင်စီကြောင့် တိုင်းပြည်ဟာ သဘာ၀ဘေးကို ပိုမိုခံစားနေရပြီး နလန်ထူဖို့ ခက်ခဲလာ

တိုင်းပြည်ကို အာဏာသိမ်းခဲ့တဲ့ စစ်တပ်အဆက်ဆက်ဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို အလေးမထားဘဲ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် မြန်မာနိုင်ငံဟာ စစ်ဘေးနဲ့အတူ သဘာ၀ဘေးကို တခြားနိုင်ငံတွေထက် ပိုမိုပြင်းထန်စွာ ခံစားနေရတယ်လို့  ISP Myanmar ရဲ့ အစီရင်ခံစာတစ်စောင်က ဖော်ပြလာပါတယ်။
Read More

SSNDF /KNDF ဗျူဟာ ၉ ရဲ့ B-102 တပ်ရင်းမှ ပြုလုပ်သည့် တပ်ရင်းဆွေးနွေးပွဲ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF /KNDF ဗျူဟာ ၉) B-102 တပ်ရင်းက ပြုလုပ်တဲ့ တပ်ရင်းဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်ကနေ ၂၂ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်ချိန် ရှမ်းမြောက်မှာ အရပ်သားပြည်သူ ၁၀၀၀ကျော် ထိခိုက်သေဆုံးခဲ့

"၁၀၂၇ စစ်ဆင်ရေး"  တစ်နှစ်ပြည့်မြောက်ချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (HRAN)က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။