ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်တစ်ခုဖြစ်သလို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က မွေးထုတ်ပေးခဲ့တဲ့ တပ်ဖြစ်ပြီး One Two Tri ၊ အမှတ် -၁၂၂၂ တပ်ရင်း ၊ ထွိုင်ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးပမ်းတည်ထောင်မှုကြောင့် ပေါ်ပေါက်လာတဲ့ ဗျူဟာ ဖြစ်ပါတယ်။

ရှမ်းမြောက်စစ်ဆင်ရေးအတွင်း မိုးကုတ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့သိမ်းစစ်ဆင်ရေးတွေကို မဟာမိတ် TNLA၊ စစ်ဒေသ (၁) ကွပ်ကဲတဲ့ တပ်ရင်းတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ် ရင်းတွေ၊ မြို့နယ်ပကဖအဖွဲ့တွေနဲ့ စည်းလုံးညီညွတ်စွာ စစ်ရေးတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ ဟာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ် ပြုတ်ကျတဲ့အထိ အစွမ်းကုန်တိုက်ပွဲဖြစ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံက သဲတောကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို ၇ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ဦးသေဆုံးခဲ့တယ်လို့ Myingyan Twenty-one Guerilla Force – MTGF အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။  
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်မ ၃၃ နှင့် အုန်းတော ၆၀၀၅ တင့်ကားတပ်တို့ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ နဲ့ အုန်းတော ၆၀၀၅ တင့်ကား တပ်တို့ ပူးပေါင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့ YOUNG WOLF PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပေါင်း ၆၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့သည့်လက်နက်ကြီးရဲ‌ဘော် ရှောက်သီး တော်လှန်‌ရေးကာလဖြတ်သန်းမှု (ရုပ်/သံ)

မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲပေါင်း ၆၀ ကျော်ကို ပါဝင်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကြီးရဲဘော် ရှောက်သီးရဲ့ တော်လှန်ရေးကာလဖြတ်သန်းမှုကို 3702-Warrior's Adventure က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖားကန့်မြို့နယ် မှော်တောင် ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်တောင်း၊ ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။