ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဇန်နဝါရီလ ၁၂ ရက်က ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီး စစ်ကြောင်းထိုးလာရာ PNLA တပ်ဖွဲ့နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းမှူး ၁ ယောက်အပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့သလို PNLA တပ်ဖွဲ့က ရဲဘော် ၁ ယောက်သေဆုံးကာ ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက် ၈ နာရီမှာ ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ယောက် အသက်ရှင်နေသေးတာကို PNO ပြည်သူ့စစ်ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပေမယ့် ဇန်နဝါရီလ ၁၃ ရက်ညမှာတော့ ဖမ်းဆီးခံရတဲ့ PNLA ရဲဘော် ၅ ယောက်ကို သတ်ဖြတ်ထားတဲ့ မှတ်တမ်းဓာတ်ပုံကို PNO ပြည်သူ့စစ်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံမှာ ပါရှိတဲ့ အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ယောက်ကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ နှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

PNLA တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို နှိပ်စက်သတ်ဖြတ်တာတွေ မပြုလုပ်ခဲ့ဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားခဲ့ပေမယ့် PNO ပြည်သူ့စစ်က ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ယောက်ကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာအလည်ပြန်တဲ့ PNLA ရဲဘော် ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

PDF ဆိုပြီး စစ်ကောင်စီတပ်တွေက ရွှေတောင်မြို့နယ်က ဒေသခံ ပြည်သူတစ်ယောက်ကို ဖမ်းဆီး…

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းအုပ်စု၊ ယင်းမှုကုန်းရွာ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၁ ယောက်ကို PDF ဆိုပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဦးဆောင်ကာ စစ်သား ၈ ယောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။
Read More

ဝမ်းတွင်းတွင် ဆိုင်ကယ်စီးလာသည့် အရပ်သား ၂ ဦးကို အကြမ်းဖက်စစ်တပ် ၂ ရက်သာ ခြားပြီး ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ၂ ရက်ပဲ ခြားပြီး ပစ်သတ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသတွေကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီ ကျောက်မျက်ရတနာပွဲ ပြုလုပ်နေ

ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်လို ဒေသတွေနဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေရှိရာ ဒေသတချို့ကို စစ်ကောင်စီက လက်လွှတ်ထားရချိန်မှာပဲ နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ပြီး ကျောက်မျက်ရတနာပြပွဲကို ကျင်းပပြုလုပ်နေပါတယ်။
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။