ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတပ်ရင်းအစည်းအဝေးမှာ အရင်နှစ် ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ၂၀၂၅ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ပြီး အရှိန်အဟုန်မြင့်လာမယ့် တိုက်ပွဲတွေမှာ ပိုမိုအားစိုက်ကြဖို့ ကလလတ (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးက တက်ရောက်ဆွေးနွေးညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါဗျူဟာမှူးက အခုဖြစ်ပေါ်တိုးတက်လာမယ့် နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအပေါ်မှာ မှန်ကန်တဲ့အသိနဲ့ ပိုမိုကောင်းမွန်ပြီး ကျစ်လျစ်ခိုင်မာတဲ့ တပ်ရင်းတပ်ဖွဲ့အဖြစ် ကလလတ အမှတ် (၉၄၂၀) တပ်ရင်းကို ဆက်လက်တည်ဆောက်သွားကြဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမှတ် (၉၄၂၀) တပ်ရင်းရှိ ရဲဘော်မိသားစုတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍတွေ စီစဥ်ဆောင်ရွက်ပေးနိုင်ဖို့နဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေနဲ့ ဒဏ်ရာရရဲဘော်တွေအတွက် စားဝတ်နေရေး အခက်အခဲတွေ စီစဥ်ဆောင်ရွက်ပေးနိုင်ဖို့လည်း ကလလတ (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ကရင်နီဒေသမှာ ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေကိုလည်း တက်ရောက်ခဲ့တဲ့ တပ်မှူးတွေက အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာ ရဲစခန်းကို AA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကျုံပျော်ကနေ ကား ၇ စီးနဲ့ စစ်ကူပို့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာက ရဲစခန်းနဲ့ နေရာအတော်များများကို ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ်က အဲဒီရွာဘက် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ထုတ်နုတ်အင်အားတွေ စစ်ကူပို့နေတယ်လို့ ကျုံပျော်မြို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းနှင့်  တင့်ကားများပါသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်နေ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်မှာ တင့်ကားတွေအသုံးပြုပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က အရပ်သားတွေ  မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း People's Democratic Army-PDA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော် ပကဖ ရဲဘော်များကို နေပြည်တော် တိုင်းစစ်ဌာန၏ တိုင်းဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေနဲ့ နောက်တန်းကို ပြန်နားတဲ့ ရဲဘော်တွေကို တိုင်းဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုများ ရှိနေသည့် မန္တ​လေးတွင် “အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း” စာသားချိတ်ဆွဲ ဆန္ဒပြ

စစ်မှုထမ်းဥပဒေအတွက် ပေါ်တာဆွဲ မဲနှိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မန္တလေးမြို့မှာ "အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း" ဆိုတဲ့ စာတန်းကို ချိတ်ဆွဲရင်း ပြည်သူတွေအကြောက်တရားမရှိစေဖို့ နှိုးဆော်သတိပေးခဲ့တယ်လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နမ့်ဆန်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ တန်းကျောင်းသူ သေဆုံး၊ ညီမဖြစ်သူ ၅ တန်းကျောင်းသူ ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝေါ်လေအကြမ်းဖက်စစ်တပ်စခန်းကနေ ဈေးထွက်ဝယ်တဲ့ကား ပစ်ခတ်ခံရပြီး စစ်သား၂ ယောက် သေကာ ၃ ယောက် ဒဏ်ရာရ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေစခန်းကနေ ကျေးရွာအတွင်း ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။