ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဇန်နဝါရီလ ၁၂ ရက်က ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီး စစ်ကြောင်းထိုးလာရာ PNLA တပ်ဖွဲ့နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းမှူး ၁ ယောက်အပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့သလို PNLA တပ်ဖွဲ့က ရဲဘော် ၁ ယောက်သေဆုံးကာ ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက် ၈ နာရီမှာ ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ယောက် အသက်ရှင်နေသေးတာကို PNO ပြည်သူ့စစ်ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပေမယ့် ဇန်နဝါရီလ ၁၃ ရက်ညမှာတော့ ဖမ်းဆီးခံရတဲ့ PNLA ရဲဘော် ၅ ယောက်ကို သတ်ဖြတ်ထားတဲ့ မှတ်တမ်းဓာတ်ပုံကို PNO ပြည်သူ့စစ်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံမှာ ပါရှိတဲ့ အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ယောက်ကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ နှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

PNLA တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို နှိပ်စက်သတ်ဖြတ်တာတွေ မပြုလုပ်ခဲ့ဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားခဲ့ပေမယ့် PNO ပြည်သူ့စစ်က ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ယောက်ကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာအလည်ပြန်တဲ့ PNLA ရဲဘော် ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

PDF တွေရဲ့ မြေမြှုပ်မိုင်းရှိတဲ့ သဲပုံပေါ်မှာ နေရာယူ ပစ်ခတ်နေတဲ့ စစ်သားတွေ မိုင်းခွဲခံရပြီး အရာရှိတစ်ယောက်အပါ ၉ယောက် သေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကွန်ပျုတာတက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါဝင် ၉ယောက်သေဆုံးခဲ့ကြောင်း PDF Kalay -Mine Team ထံက သိရပါတယ်။
Read More

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်များတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေ၊ စစ်တပ်က အရာရှိများအပါ သေဆုံးသူများပြားပြီး စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့် အလင်းဝင်

ကရင်နီပြည်နယ်ရှိ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ မြို့နယ်တို့မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ယောက် ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း ရေဘေးကြောင့် သေဆုံးရသူ ၁၁၀ ကျော်သွားပြီလို့ စစ်ကောင်စီထုတ်ပြန်၊ မြေပြင်မှာ အရေအတွက် ပိုမိုများပြားနိုင်ကြောင်း လူမှုကူညီရေးအသင်းတွေပြော

နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၁၀ ကျော်သွားပြီဖြစ်ကာ ၆၄ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးက ဒီနေ့ စက်တင်ဘာ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၁၃ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။