တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်ဝယ်မရောက်ရှိအောင် စက်သုံးဆီ ပီပါထောင်နဲ့ချီကို စစ်ကောင်စီက တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

စစ်ကိုင်းမြို့၊ ညောင်ပင်ဇင်ရွာမှာ ကျပ်သိန်း ခြောက်ထောင်နီးပါး တန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၆၀၂ ပီပါနဲ့ ဓာတ်ဆီ ၆၀၉ ပီပါ စုစုပေါင်း ၁၂၁၁ ပီပါကို စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့နိုင်ကြောင်း ဝါဒဖြန့်မီဒီယာတွေမှာ ရေးသားထားပါတယ်။ 

အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ၊ အကောက်အခွန် လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်းကြီးဌာန)

အခုလို စက်သုံးဆီတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေတွေဆီ မရောက်အောင် စစ်ကောင်စီက အကြောင်းပြ ဖမ်းဆီးခြင်းသာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်ထဲသွားမယ့် စက်သုံးဆီယာဉ်တွေကိုလည်း မကြာခဏ ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး တိုင်းရင်သားတွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေဆီကို မရောက်ရှိအောင် စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့ကနေ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေထံ စက်သုံးဆီ တင်ပို့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၁၇ ယောက်နဲ့ စက်သုံးဆီတင်ဆောင်တဲ့ ကားအစီးရေ  ၂၀ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲပြန် အောင်ပွဲရ BLDF ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်တွေကို အညာဒေသရှိ ပြည်သူလူထုက ကြိုဆိုခဲ့ပြီး နေ့လည်စာနဲ့ ဂုဏ်ပြု ကျွေးမွေးဧည့်ခံခဲ့တယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်အထိနာကာ ပေါင် ၅၀၀ ဗုံးများ ကြဲချ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ KNLA တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ယုံကြည်မှု၊ အမိန့်နာခံမှု၊ စုဖွဲ့မှု အားကောင်းကောင်းနဲ့ သိမ်းယူနိုင်ခဲ့တဲ့ ရေလာလေးစခန်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရေလာလေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ဦး မျက်မြင် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။
Read More

ရွှေဘုံသာရွာ ပြည်သူ့စစ်စခန်းကို စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး ခုခံမှုတွေကြားက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုတွေ အခြေချတပ်စွဲထားတဲ့ ရွှေဘုံသာရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်အုပ်စု၂ ယောက် မျက်မြင်သေဆုံးပြီး  ၄ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့ရဲ့ အရာရှိသင်တန်း အပတ်စဥ် (၁) နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီပြည်အခြေစိုက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) အနေနဲ့ အရာရှိသင်တန်းအပတ်စဥ် (၁) နဲ့ တပ်သားသင်တန်းအပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။