မူဆယ် – မိုင်းယု (၁၀၅) မိုင်လမ်းကို စစ်ကောင်စီက ငွေကြေးကောက်ခံပြီး စတင်ဖြတ်သန်းခွင့်ပြုနေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီက တစ်နှစ်ကျော်ကြာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတဲ့ အဲဒီလမ်းပိုင်းကို  ပြန်လည်ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကာ ဂိတ်ကြေးကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေက အဓိကကောက်ခံနေတာလို့ သိရပါတယ်။

ဒီလမ်းပိုင်းကို တရားဝင် ဖြတ်သန်းသွားလာခွင့်ပြုတာမဟုတ်ဘဲ  ကားတစ်စီးကို ငွေကျပ်တစ်သိန်းကနေ ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၅ထောင်လောက်အထိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက တောင်းခံပြီး ဖြတ်သန်းသွားလာခွင့်တွေ ပြုနေတာဖြစ်ပါတယ်။ ဒီလမ်းကို (၁၀၂၇) စစ်ဆင်ရေး စတင်ချိန်ကစလို့ လက်ရှိအချိန်အထိ စစ်ကောင်စီ က လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ 

မိုင်းယု (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ TNLA၊ AA နဲ့ MNDAA တပ်ဖွဲ့တွေ အလုံးစုံသိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီ တပ်က မူဆယ် နဲ့ မိုင်းယု (၁၀၅)မိုင် လမ်းကို သွားလာခွင့် ကန့်သတ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်၊

0 Shares:
You May Also Like
Read More

x ဘားအံထောင်တွင် တိုက်ပိတ်ခံရရင်း ညှင်းပန်းရိုက်နှက်မှုကြောင့် နိုင်ကျဥ်း ၁ ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ယောက်ကို ၃လတာ တိုင်ပိတ်ထားပြီးနောက် သူတို့ထဲ နိုင်ငံရေးအကျဉ်းသား ၁ယောက်ဟာ ထောင်ပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဒီဇင်ဘာ တစ်လအတွင်း စစ်ကောင်စီ မြို့ပေါင်း ၆ မြို့ကို လက်လွှတ်ခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆ မြို့ကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ခဲ့ရတယ်လို့  ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

လောင်းလုံးမှာ ပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။