ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအကျဥ်းသားတွေဟာ TNLA စိုးမိုးနယ်မြေအတွင်းက အကျဉ်းထောင်တွေမှာ ပြစ်မှုကျူးလွန်လို့ အကျဥ်းကျနေသူတွေ ဖြစ်ပြီး PSLF/TNLA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက လက်မှတ်ထိုးကာ လွတ်ငြိမ်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုများစွာကျူးလွန်ပြီး အကျဥ်းထောင်အသီးသီးမှာ နှစ်ရှည်ထောင်ကျနေရသူတွေကိုလည်း တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးပြီး လွတ်ငြိမ်းစေ့ဖို့ လပိုင်းသာလိုအပ်နေတဲ့ အကျဥ်းသားကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအကျဉ်းသားတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု၊ အမျိုးသမီးတွေအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ကျူးလွန်ထားသူတွေ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာလည်း PSLF/TNLA က အကျဉ်းသား (၂၃၂) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အယောက် (၆၀) ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ နမ္မတူမြို့ထဲကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ထဲကို ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်(၆) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

အမေရိကန်က တရုတ်နဲ့ အင်အားကြီး ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ တော်လှန်ရေးအင်အားစုတွေကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် ထောက်ပံ့ရရှိနေတာဖြစ်တယ်လို့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
Read More

မင်းတပ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။