အာဏာသိမ်းစစ်တပ်ရဲ့  မြန်မာစစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားဖို့ တော်လှန်ရေး ရည်မှန်းချက်ကို ဖော်ဆောင်သွားမယ်လို့ (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ TNLA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)က သဘောထား တစ်ရပ်ကို ဒီနေ့ ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်တာပါ။

တအာင်းအမျိုးသားတို့ရဲ့ တော်လှန်ရေးခရီးကို “ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီကနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ဟာ တအာင်းအမျိုးသားတော်လှန်ရေး(၆၂) နှစ်မြောက်နေ့လည်း ဖြစ်ပါတယ်။ 

တအာင်းဒေသခံ ပြည်သူလူထုတွေရဲ့ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့   မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းပြီး မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်း တော်လှန်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးဟာ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC ဦးဆောင်ရေးဆွဲထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများကို အခြေခံ ကာ တော်လှန်ရေးကာလအစိုးရ အစီအမံအား အတည်ပြုကာ ပြည်သူ့အစိုးရ တရပ် အမြန်ဆုံးပေါ်ပေါက်လာဖို့လည်း အသိပေးပြောကြားလိုက်ပါတယ်။ 

တအာင်းလူမျိုးတို့ အဖိနှိပ်ခံ ဘ၀က လွတ်မြောက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်ဖို့ အတွက် နှစ်ကာလပေါင်းများစွာရှာကြာတဲ့ တော်လှန်ရေးခရီးကြမ်းမှာ အသက်သွေးချွေး စည်းစိမ် ဥစ္စာပေါင်း မြောက်မြားစွာ စွန့်လွှတ်ခဲ့ကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်အုပ်စု သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာကျင်းပခဲ့တဲ့ နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်

သင်္ကြန်ပွဲကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းတွေတည်ရှိရာ နေပြည်တော်ကို ဗဟိုပြုကာ သင်္ကြန်အကျနေ့ မနက်အစောပိုင်းမှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စနစ်ဆိုး၏ တန်းတူညီမျှမှုမရှိသည့် စံနှုန်းများကို ချေဖျက်ပစ်ဖို့ လူနည်းစုလူငယ်များ ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်

စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K - Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

၃ လခွဲအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ဦး သေဆုံးခဲ့ဟု AAPP ဆို

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ၃လခွဲတာ ကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လေယာဉ်နဲ့ရဟတ်ယာဉ်တွေ အစားထိုးဝယ်ယူဖြည့်တင်း၊ တိုက်ပွဲတွေမှာ လေကြောင်း ပိုမိုအသုံးပြုမယ်လို့ ခြိမ်းခြောက်

စစ်ကောင်စီက သူတို့ လေတပ်ကထုတ်လုပ်တဲ့ ကင်းထောက်လေယာဉ် အမျိုးအစားနှစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီး လေကြောင်းစွမ်းအားကို စစ်ပွဲတွေမှာ ပိုမိုအသုံးပြုရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။