ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်က ကျေးရွာဖြစ်တဲ့ လအိကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။  

ကရင်နီပြည်နယ်စပ် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ဗုံးကြဲလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးအပါအဝင် ဗုံး ၄ လုံးကြဲချခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးမှုအနည်းငယ်ရှိကာ လူအထိအခိုက် မရှိဘူးလို့ သိရပါတယ်။

ကရင်နီဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ စစ်ရေးတင်းမာမှုတွေ ရှိနေစဉ် စစ်တပ်ကအခုလို အရပ်သားပစ်မှတ်ကို ဗုံးကြဲတိုက်ခိုက်လာခြင်း ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီက AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့ရွာတချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ် တနိုင်းမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အရပ်သားပြည်သူတွေ သေဆုံးခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ မုဒိန်းကျင့်၊ လူသတ်ပြီး ကိုယ်အင်္ဂါတွေ ဖြ​တ်​တောက်ခဲ့သူကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီးအရေးယူထား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဖြတ်တောက်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင် ဆေးတပ်သားတွေရဲ့ အခြေခံ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ဖွင့်လှစ်သင်ကြားပေးတဲ့ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ဝင်မလာအောင် ပြည်သူတွေ စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးမဟာမိတ်အဖွဲ့များကို တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနား ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။