စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ထွက်လာတဲ့ Jammer ယာဉ် ၃ စီးနဲ့ ချောဆွဲခံထားရတဲ့ ရိက္ခာတင်ယာဉ် ၇ စီးကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တော်လှန်ရေးပူး ပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ထံက သိရပါတယ်။

အဲဒီယာဉ်တန်းဟာ အရာတော်မြို့သို့ အင်အားဖြည့်တင်းဖို့ သွားနေတာဖြစ်ပြီး မုံရွာ -အရာတော်လမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၅ ယောက် ခန့်သေပြီး ၇ ယောက်အရှင်ဖမ်းဆီးမိခဲ့ကာ ကားကြီး ၅ စီး ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀ ၊ 5.56ကျည် ၄၀၀၀ တောင့် ၊ 7.62 ကျည် ၅၀၀၀ တောင့် ၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀ ၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 အမျိုးအစား သေနတ် ၂ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ အူဇီ – Uzi အမျိုးအစား သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံး ၊ ကျောပိုးအိတ် ၅ လုံး၊ ယူနီဖောင်း ၂ စုံ နဲ့အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ယာဉ်ပေါ်မှာ ထပရ ၉၂၉ နဲ့ တပ်မ ၇၇ လက်အောက်ခံထုတ်နုတ်အင်အား စစ်သား တွေ ပါဝင်ပြီး ထိတွေ့တိုက်ပွဲအတွင်း အမတ ၅၀၈ မှ လက်နက်ကြီး ပစ်ကူပေးကာ နမခမှ သံပြား ကာယာဉ် ၄ စီးနဲ့ တပ်ကူထပ်မံပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ မုံရွာခရိုင် တပ်ရင်း (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ Golden Eagle Force၊ Venomous Revolution Force၊ Special Revolution Force နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို ကာကွယ်ပြီး မတရားမှုကို တွန်းလှန်ရန် အာဠာဝကစစ်ကြောင်းမှ ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

ပေါ်တာဆွဲခံရပြီး ပြည်သူကို ဖိနှိပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားအဖြစ်မခံဘဲ ပြည်သူလူထုကို ကာကွယ်ပြီး မတရားမှုကို တွန်းလှန်တိုက်ခိုက်ကြမယ့် PDF ရဲဘော်အဖြစ် အာဠာဝကစစ်ကြောင်းက ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။ 
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းကနေ ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းသိမ်းပိုက်ရရှိခဲ့ အတွင်း ၁၂၀ မမ လက်နက်ကြီး၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။
Read More

သပိတ်ကျင်းမြို့နယ် တတက ၁၃ ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် အခြားအဆင့် စစ်သား ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဗန်းမော်လေဆိပ်ရဲ့ နေရာအများစုကို KIA ထိန်းချုပ်ရယူထား၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ (ရုပ်/သံ)

ဗန်းမော်မြို့က စစ်ကောင်စီအတွက် အရေးပါတဲ့ လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၀င်ရောက်ထိန်းချုပ်ထားတဲ့ ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

မြဝတီမြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ ဘုရင့်နောင် စစ်ကောင်စီတပ်စခန်းကုန်းကို နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ စစ်‌ကောင်စီရဲ့ ဘုရင့်နောင်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။