မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စန်းမြို့ ရွာမှာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က A.G.S(1)၊ C.E.C အဖွဲ့ဝင် (၁) ယောက် ပါဝင်ပြီး CDM သူနာပြု ဆရာမ ဦးဆောင်တဲ့ ဆေးတပ်သားတွေဟာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေရာ ပြည်သူ ၃၄၂ ယောက် ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။

ဆေးဝါးကုသမှုခံယူရသူ အများစုဟာ ဖျားနာ၊ ညောင်းကိုက်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ယားနာများ အဖြစ်များပြီး သက်ကြီးပိုင်းတွေအနေနဲ့ သွေးတိုး၊ ဆီးချို ၊ မောပန်း၊ အာရုံကြော အားနည်း စတဲ့ ရောဂါတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လမ်းမလျှောက်နိုင်တဲ့ လူနာတွေကိုလည်း အဆိုပါဆေးအဖွဲ့က အိမ်တိုင်ရာရောက် ဆေးကုသမှုတွေ ပေးခဲ့ပြီး စစ်ဘေးရှောင်အများစုဟာ ယားနာ အဖြစ်များတယ်လို့ YPDF က ဆိုပါတယ်။

YPDF တပ်ဖွဲ့အနေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေအပြင် နီးစပ်ရာ ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုပါ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ-မြိုင်လမ်းပေါ်က မြို့စောင့်ဂိတ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုများ ဝင်ရောက်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၁၂ယောက်ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့အရှေ့ဘက် မြိုင်-ပခုက္ကူလမ်းပိုင်းက စီမံကိန်းရုံး ခေါ် အကြမ်းဖက်မြို့စောင့်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး၊ စစ်ကောင်စီတပ်သား နဲ့  ရဲ ၁၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစကတည်းက အကျဥ်းချခံထားရသည့် နိုင်ကျဥ်း ၁ ဦး ထားဝယ်ထောင်တွင် နှလုံးဖောက် သေဆုံး

ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၁ယောက် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို လောင်စာဖြည့်ပေးနေသည့် Airbus ကို ပြည်သူများ ပါဝင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် Justice For Myanmar စတင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေမှာ လောင်စာဖြည့်ပေးနေတဲ့ Airbus လေကြောင်းကုမ္ပဏီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို  Justice For Myanmar က စတင်လိုက်ပါတယ်။
Read More

စစ်ကောင်စီက လားရှိုးမြို့ကို ၂ လအတွင်း အကြိမ် ၇၀ ကျော် လေကြောင်းတိုက်ခိုက်

လားရှိုးမြို့ကို ၂လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူကို စစ်တပ် အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ၊ လိပ်တင်ကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပေမယ့် ကျောင်းသားများ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ကျေးရွာစာသင်ကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် ကျောင်းသားကျောင်းသူတွေ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးတွင် အိမ်ဝိုင်းဖြိုပေးသည့် ပရဟိတလူငယ်များ ဖမ်းဆီးခံနေရ

မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။