ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၄၀ ထက်မနည်း သေဆုံးပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၈ ရက် မနေ့က နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကျောက်နီမော်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပြင်းအားမြင့်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖုန်းလိုင်းဆက်သွယ်ရေးတွေ ပြတ်တောက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ကျောက်နီမော်ရွာကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်ကို အသေးစိတ်မသိရသေးဘဲ မောင်းအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးနေပုံ (ဓာတ်ပုံ Arakan Princess Media)
ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးနေပုံ (ဓာတ်ပုံ Arakan Princess Media)
ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးနေပုံ (ဓာတ်ပုံ Arakan Princess Media)

အကြမ်းဖက်စစ်ကောင်စီ​ရဲ့ ဝါဒဖြန့်ချိရေးမီဒီယာတွေမှာတော့  အဲ့ဒီတိုက်ခိုက်မှုဟာ အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်တာဖြစ်တယ်လို့ မနေ့ကတည်းက ရေးသားဖော်ပြနေကြတာဖြစ်ပါတယ်။

ရမ်းဗြဲမြို့ကို AAက ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ AA က ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့တို့ကိုသာ သိမ်းယူဖို့ကျန်ရှိတော့ပြီး ကျန်မြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးနေပုံ (ဓာတ်ပုံ Arakan Princess Media)
ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးနေပုံ (ဓာတ်ပုံ Arakan Princess Media)
0 Shares:
You May Also Like
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်ကြောင့်ဘာသာရေး အဆောက်အအုံ ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရဟု NUG ထုတ်ပြန်

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေး အဆောက်အအုံပေါင်း ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့တွင် Grade 10 ကျောင်းသူကို Grade 12 ကျောင်းသား ၃ဦး အဓမ္မပြုကျင့်ကာ ဗီဒီယိုဖြန့်၊ သိန်း ၇၀၀ ဖြင့် ကျေအေးပေးဖို့ ညှိနှိုင်းနေ

မကွေးတိုင်း၊ စလင်းမြို့မှာ Grade 10 ကျောင်းသူ ၁ ယောက်ကို Grade 12 ကျောင်းသား ၃ ယောက်က အတင်းအဓမ္မ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းအရ အင်းစိန်ထောင်မှ ၁၉၀ ကျော် လွတ်မြောက်

အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီ ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များဝင်တိုက်၊ စစ်သား ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင်ပေါ်က အကြမ်းဖက်စစ်တပ်ဆက်သွယ်ရေးစခန်းမှာ တာဝန်ကျနေတဲ့ စစ်သားတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂ လက်နဲ့အတူ အကြမ်ဖက်စစ်သား ၂ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက ကနဦးသတင်း ရရှိခဲ့ပါတယ်။