ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။

မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ (၆၀၁)၊ ခမရ (၃၁၉)နဲ့ အမတ (၃၅၂) တို့ကို KIA က သိမ်းပိုက်ကာ လက်နက်ခဲယမ်းအများအပြားလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

KIA ဟာ မံစီမြို့မှာ အထက်ပါ တပ်စခန်း ၃ ခုကလွဲလို့ တစ်မြို့နယ်လုံးကို ၂၀၂၄ ခုနှစ်ကတည်းက သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ၂၀၂၅ နှစ်စမှာ အဲဒီ တပ်စခန်း ၃ကို သိမ်းပိုက်နိုင်ပြီဖြစ်တာကြောင့် မံစီဟာ စစ်ကောင်စီ ကင်းစင်သွားခဲ့ပါပြီ။

KIA ပူးပေါင်းတပ်တွေဟာ မံစီနဲ့ ဗန်းမော်ကို ဒီဇင်ဘာ ၄ရက်နေ့မှာ တပြိုင်နက် စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မံစီမြို့ကို ရရှိသွားပြီဖြစ်သလို ဗန်းမော်ကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်။

ဗန်းမော်မြို့က ခလရ (၄၇) တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်သားတွေက စကခ (၂၁) ဘက်ကို ထွက်ပြေးနေကြသလို အဲဒီလက်ကျန်စခန်း စကခ (၂၁) ကိုလည်း ချေမှုန်းနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Gadu Tang)

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃) ရဲ့ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)၊ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ

မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE  က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အသံထက် လေးဆမြန်တဲ့ လေကြောင်းပစ်ဒုံးကျည်ကို တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က စစ်ကောင်စီထံ ရောင်းချပေးနေ

စစ်ကောင်စီကို လက်နက်တွေထောက်ပံ့ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က အသံထက် လေးဆ မြန်တဲ့ လေကြောင်းပစ်ဒုံးကျည် SD-10A ကို‌ ရောင်းချပေးနေတယ်လို့ Blood Money သွေးစွန်းငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၈ ဦးကျော် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်တပ်ဘက်မှ ၈ဦးကျော် သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်ကို စစ်တပ်က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါနေရာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။