မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယား ၂ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၆ရက်၊ မနေ့က ညနေပိုင်းမှာ တောင်သာမြို့နယ်၊ ရုံးစင်ကြီး ရဲစခန်းကနေ ထွက်လာတဲ့ ရဲတပ်သားနဲ့ ဇနီးသည်ဖြစ်သူတို့ကို တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေက သတင်းအရ စောင့်ကြိုဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးရမိသည့် ရဲလင်မယား

“မိတာက တောင်သာမြို့နယ်မှာ ရုံးစင်ကြီးဆိုတဲ့ တိုက်နယ်ရဲစခန်းရှိတယ်။ အဲ့ရဲစခန်းကနေ သူတို့ကွမ်းထွက်ဝယ်ပြီး အပြန်မှာမိခဲ့တာပါ။” လို့ တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက​ မောင်းကိုပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲလင်မယားနဲ့အတူ G3အမျိုးအစားသေနတ် ၁လက် ၊ ကျည်၁၅တောင့်လည်းတစ်ပါတည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်သားနဲ့ ဇနီးဖြစ်သူတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းအရေးယူ ဆောင်ရွက်သွားမယ်လို့ တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ်သားအချို့ မူးယစ်ဆေးဝါး သုံးစွဲမှသာ စစ်တိုက်နိုင်တယ်လို့ ဝန်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တံ အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်နဲ့ ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့အချို့ စတင်ပြောင်းရွှေ့

ရန်ကုန် နဲ့ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသကတပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲမှာ စစ်လက်နက်ကြွင်းကျန် ပေါက်ကွဲမှုဖြစ်ပွား၊ ၈နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာမှာ စစ်လက်နက်ကြွင်းကျန် လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံ ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ကိုရင်ငယ်လေး တစ်ပါးအပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

စစ်ကော်မရှင်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၏ စခန်းမှူး ဥသြ ကျဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းမှူး ရဲဘော် အောင်ဇင်မျိုး (ခ) ဥသြ ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ၅ ဦးကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့တဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။