ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အင်အား ၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂စစ်ကြောင်းတပ်ခွဲထံက သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်သား အင်အားအများအပြားဟာ အုတ်တွင်းမြို့နယ် ကံကလေး၊ ပေါက်ကုန်း ကျေးရွာဘက်ကနေ မြတ်နီကွင်း၊ နှောခင်၊ သရက်ကုန်း၊ ကြူအင်း၊ ထန်းကုန်းကျေးရွာတွေကို ဝင်ရောက်လာခဲ့သလို ဖြူးမြို့နယ်ဘက်ကနေ ဂရမ္မတီးကျေးရွာအထိ ထိုးစစ်ဆင်လာတဲ့အတွက် မြတ်နီကွင်းကျေးရွာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သရက်ကုန်း၊ နှောခင်နဲ့ အခြားကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ စက်လက်တွေနဲ့ ကျေးရွာတွေကို ပစ်ခတ်နေရာဝင်ရောက်ခဲ့ပြီး ရွာခံပြည်သူ ၃ ယောက်သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ရကာ ၃ ယောက် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ရဲဘော် ၃ ယောက်ကိုလည်း အကြမ်းဖက်စစ်သားတွေ ပိတ်ဆို့ထားတဲ့ ကြားကနေ ၂၄ နာရီအတွင်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်ငူခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ်-၃၅၀၂ စစ်တောင်းစစ်ကြောင်း၊ ဧရာဝတီအမှတ် (၃) တပ်ရင်း၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဖြူး ပကဖ – PDO၊ ၃၄၀၂ သရက်ခရိုင်တပ်ရင်း၊ အုတ်တွင်း ပကဖ၊ ပူးပေါင်း Drone Team နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မရမ်းကုန်းမြို့နယ်တွင် ပစ္စည်းလုယက်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးမှုဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းမပေါ်မှာ ပစ္စည်းလုယက်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့တဲ့ ရုပ်သံဖိုင်ကို Zaw Min Oo အမည်ဖြင့် Facebook သုံးစွဲသူက အောက်တိုဘာ ၁၉ ရက်မှာ မျှဝေခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

နတ်တလင်းတွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေပြီး ဆိုင်ကယ် ၄ စီးနှင့် စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ထဲရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ayeyar NyiNaung စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပေါက်ကိုယ်တော်အား အရှင်ဆေကိန္ဒ သိန်း ၁၀၀ ပေးအပ်လှူဒါန်း (ရုပ်/သံ)

မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပျူစောထီးတွေ မွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးနေတဲ့ ပေါက်ကိုယ်တော်ကို အရှင်ဆေကိန္ဒက သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ပေါက်ကိုယ်တော်က TikTok အကောင့်ကနေ မျှဝေခဲ့ပါတယ်။
Read More

မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄၀ ခန့်သေကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၆ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က ကုန်းသာကျေးရွာအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက် ခဲ့ရာ ၄၀ ခန့်သေပြီး ၆ ယောက်အရှင်ဖမ်းဆီးမိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ထံက သိရပါ တယ်။
Read More

မြို့သိမ်းတိုက်ပွဲဆင်နွှဲအပြီး ဗျူဟာ ၄၂ ရဲဘော်များ မိခင်တပ်ရင်းသို့ ပြန်လည်အခြေချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ ရဲဘော်တွေဟာ ဧပြီ ၅ ရက်နေ့မှာ မိခင်တပ်ရင်းကို ပြန်လည်ရောက်ရှိလာပြီလို့ ကျားသစ်နက်တပ်မတော် Black Leopard Army က ထုတ်ပြန်ထားပါတယ်။