ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San’s Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက် နေ့လည် ၂ နာရီအချိန်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ မှာ  ရှောင်တခင် ဖမ်းဆီးစစ်ဆေးရာ မီးသတ်ဦးစီးဌာနက ညွှန်မှူး ရွှေဘနဲ့ အမျိုးသမီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘ၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေးလုပ်ဆောင်ချက်များကို တည်နေရာ အတိအကျ သတင်းပေး၍ စခန်းဝင်စီးခြင်း၊ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏သတင်းများကို စုံစမ်းနှိုက်ယူ၍ စစ်ကောင်စီထံသို့ တင်ပြခြင်း၊ လာဘ်စားခြင်းများ လုပ်ဆောင်ထားကြောင်းတွေ့ရှိခဲ့ပါတယ်” လို့ Aung San’s Land Natmauk ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ဖမ်းဆီးခံထားရသည့် မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ (ဘယ်ဘက်) နှင့် ဗိုလ်ကြီး ဇနီး (ညာဘက်ဓာတ်ပုံ ညာစွန်)

မီးသတ်ဦးစီးဌာနရဲ့ ညွှန်မှူး ရွှေဘဟာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ပြည်သူနဲ့ မပူးပေါင်းဘဲ တော်လှန်ရေးကို အမျိုးမျိုး ဒုက္ခပေးတာတွေ စိစစ်တွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၃၁ ရက်မှာ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ ထောက်ပို့တပ်က တပ်ကြပ် ၁ ယောက်၊ ပျူစောထီး ၁ ယောက်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ စစ်သား ၁ ယောက်နဲ့ ဗိုလ်ကြီး တစ်ယောက်ရဲ့ ဇနီးဖြစ်သူတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Aung San’s Land Natmauk အနေနဲ့ ဖမ်းဆီးရရှိသူတွေအားလုံးကို သက်ဆိုင်ရာ ပကဖ အဖွဲ့တွေဆီ လက်လွှဲ အပ်နှံထားတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် ၂ ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
Read More

မလှိုင်မြို့နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်နှင့် မိခင်အပါ ၄ ဦးကို စစ်ကော်မရှင် သတ်ခဲ့၊ နွားထိုးကြီးနယ်ရှိ ဒေသခံ ၈ ဦးကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးကာ သတ်ဖြတ်သွား

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို မိတ္ထီလာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မွန်ပြည်သူတွေအားလုံး တော်လှန်ရေးမှာ ပါဝင်ကြဖို့ မွန်တော်လှန်ရေးအဖွဲ့များ တောင်းဆို

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ မွန်အမျိုးသားနေ့မှာ မွန်ပြည်သူတွေအားလုံး တော်လှန်ရေးထဲ အမျိုးသားရေးတာဝန်သိစိတ်နဲ့ ကိုယ်စီပါဝင်ကြဖို့  မွန်တော်လှန်ရေးအဖွဲ့တွေက အသီးသီးထုတ်ပြန်လာပါတယ်။
Read More

ခန္တီးမြို့တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်မဲ့ အလင်းဝင်လာ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ မောက်ခမ်းဝါကို အရေးယူရန် ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းများ တောင်းဆိုထား

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့တဲ့ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်တဲ့ မောက်ခမ်းဝါ (ခေါ်) မင်းသူကျော်ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဥပဒေတွေနဲ့ စံနမူနာပြု အရေးယူပေးဖို့ ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။
Read More

ဘုတလင် – ကူတော်စခန်းသိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်းက ရဲဘော်ဇော်မျိုးထွေးရဲ့ ၂ လပြည့် အထိမ်းအမှတ် အခမ်းအနား…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကူတော်စခန်းသိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း - ရဲဘော်ဇော်မျိုးထွေးရဲ့ ၂ လပြည့် အထိမ်းအမှတ် အခမ်းအနားကို မနေ့က အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။