ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၆ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံကျေးရွာကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့တဲ့ နေအိမ် ၂ လုံးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နေ့စဥ်နဲ့အမျှ ထီစုံကျေးရွာကို ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ နေအိမ် စုစုပေါင်း ၂၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီဖြစ်တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် မဖြစ်စေသင့်ကြောင်း NUG ယာယီသမ္မတ ပြောကြား၊ NUG ဟာ တရုတ်၏ အကျိုးစီးပွါးကို ထိခိုက်စေမည့်အဖွဲ့ မဟုတ်ဘူးဟုဆို

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့အနောက်ဘက်က ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

DPLA လှုပ်ရှားနယ်မြေများမှာ ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းများနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်ခဲ့…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရ မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအလွန်ဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေး…

NLD အစိုးရ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ဆေးဝါးကုသနေရချိန် အကြမ်းဖက်စစ်ကောင်စီက အခုရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သိန္နီ၊ မိုးမိတ်နဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲတွေမှာ အောင်ပွဲ ရရှိခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်တွေကို အညာပြည်သူတွေ ကြိုဆို (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီ၊ လားရှိုးနဲ့ မိုးမိတ် မြို့သိမ်းတိုက်ပွဲတွေမှာ အောင်ပွဲတွေ ရရှိခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ပြည်သူလူထုက တခဲနက် ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို PLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။