စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာတဲ့ အင်အား ၇၇ ယောက်ပါ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၅ ရက် မနေ့က ဝက်လက်မြို့နယ် မှတ်ထိရွာနဲ့ မင်းကုန်းရွာကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force အဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲဟာ ၄ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးနီးပါး သေကာ စစ်တပ်ကလည်း လေကြောင်းကနေ အပြင်းအထန် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင် ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း၂ ၊ မြို့နယ် ပကဖ နဲ့ ဝက်လက်တိုက်နယ် ၂ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲမှ။ ပြည်သူ့ရဲဘော် ၂ ယောက်ကျဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့သလို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက MA3 အမျိုးအစား သေနတ် ၁ လက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘို-ရေဦးလမ်း ကျွန်းခြံနှင့် ဥသျှစ်ကန်သုဿန်မှာ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်း ကျွန်းခြံအတွင်းနဲ့ ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိ လာတဲ့ ပန်းရံပျူ၊ ခွန်းတောင်ကြီးပျူ၊ ဇီးကုန်းလေးပျူ၊ ဇီးကုန်ကြီးပျူနဲ့ အကြမ်းဖက်စစ်သား ပူးပေါင်းအင်အားကို မတ်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၅ ယောက် သေ၊ ၄ ယောက် အရှင်မိခဲ့တဲ့ ထားဝယ် ရွှေဂူဂိတ်စခန်းနှင့် စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီး‌ကျေးရွာက စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သမီး ၂ ယောက် ဆုံးရှုံးခဲ့ရသည့် မိခင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း သမီး ၂ ယောက် ဆုံးရှုံးခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ ရင်တွင်းစကား ပြောကြားချက်ကို CDM ဆရာမ ဒေါ်ရတီအုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို (ရုပ်/သံ)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ပယ်ဖျက်ပေးသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။