မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေကို ‌ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၇ ယောက် ထိခိုက်မှုရှိပြီး မြို့သာစက်မှုဇုန်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ၊ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း၊ ငါန်းဇွန်မြို့နယ်ပကဖ၊ မန္တလေးခရိုင် (မန္တလေးခရိုင် အမှတ် ၅)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (မြင်းခြံခရိုင် အမှတ် ၆) တပ်ရင်းနဲ့ (925) ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောပုပျူစခန်းနဲ့ ညောင်ဖြူပင်အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းနဲ့ မအူရဲစခန်းကို တစ်ရက်တည်း ၂ နေရာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

ကသာမှ အင်းတော်ဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကူလာသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ ခန့် သေကာ ၃၀ ကျော် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကသာမြို့ကနေ အင်းတော်မြို့ဘက်သို့ စစ်ကူလာတဲ့ တပ်မ ၇၇ က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အယောက် ၄၀ ခန့် သေပြီး ၃၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘို ဇီးကုန်းလေးပျူရွာအဝင် ဘန်ကာကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သားနှင့်ပျူ ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာအဝင်ရှိ ဘန်ကာကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဗန်းမော် K.PDF ရဲ့ စခန်းသိမ်းတိုက်ပွဲမှတ်တမ်းကို ထုတ်ပြန် (ရုပ်/သံ)

ဗန်းမော် K.PDF ရဲဘော်များ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲတစ်ခုရဲ့ ရုပ်သံမှတ်တမ်းကို  ဗန်းမော် PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

ရေဖြူမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်မှူး ၁ ယောက်အပါ အများအပြား သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ညင်းထွေးရွာနဲ့ ကျောက်ကညှာရွာအကြား ရေး-ထား ဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျှောက် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၄ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။