မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ ကပစ ၁၄ကနေ ထွက်လာတဲ့ စစ်ကောင်စီကား၂စီးကို ငဖဲ-စေတုတ္ထရာလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ငဖဲမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကိုလည်း ဒရုန်းဗုံးသီးကြဲ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၃ရက်၊ မနက်အစောပိုင်းက ငဖဲမြို့အခြေစိုက် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ အင်အား ၅၀နီးပါးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သုံး ကား၂စီးကို ပဒါန်း-ငဖဲ-စေတုတ္ထရာလမ်းပိုင်း၊ ညောင်ကုန်းကျေးရွာနားအရောက်မှာ တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနောက် မိနစ်၂၀ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နေရာတင် ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ၆ယောက်ရှိခဲ့ပြီး ဆေးကုသနေရင်း ထပ်မံသေဆုံးသွားတာတွေလည်းရှိတယ်လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက ပြောပါတယ်။
“ကပစ ၁၄ဘက်ကနေ စေတုတ္တရာဘက်ကို စစ်ကောင်စီတပ်သုံးယာဥ် ၂စီး ထွက်လာတယ်ဆိုတဲ့ သတင်းရတယ်ဗျ။ ရန်သူဘက်က ကားနှစ်စီးမှာ ရှေ့ဆုံးက ကားကို မိုင်းဆွဲလိုက်နိုင်တယ်။ မိုင်းဆွဲလိုက်တော့ ကားက မိုင်းဆွဲတဲ့နေရာနဲ့ မီတာ ၅၀လောက်ကို လိမ့်ပြီးရပ်သွားတယ်ဗျ။ ကားကတော့ မောင်းမရအောင် ပျက်စီးသွားပါတယ်။ ကားကိုမောင်းလာတဲ့ ကားသမားကတော့ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားတယ်ဗျ။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ရင်း စခဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေလဲရှိခဲ့ပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး.” လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf နဲ့အတူ ချင်းကာကွယ်ရေးတပ် (CDF-Asho) နဲ့ ငဖဲမြို့နယ်ပကဖတို့က ပူးပေါင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၆ရက်နေ့ကလည်း ငဖဲမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ မြို့မရဲစခန်းနဲ့ထွေအုပ်ရုံးတွေထဲ ဒရုန်းနဲ့ဗုံးသီး၃လုံးကြဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရပါတယ်။
“ထွေအုပ်ရုံးအဆောက်ဦးအပါဝင် ဆိုင်ကယ်နဲ့ကားအချို့ ထိခိုက်ပျက်စီးမှုရှိပါတယ်။ နောက်ပြီး လူထိခိုက်မှုတွေ ရှိတယ်လို့လည်း အတွင်းသတင်းတွေက ပြောတယ်ဗျ” လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf နဲ့အတူ ဒရုန်းလက်ရုံးတပ်ဖွဲ့ မင်းဘူးခရိုင်ပကဖ တို့ကလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်ထဲက ပဒါန်း၊ ငဖဲ ၊ စေတုတ္ထရာလမ်းပိုင်းဟာ စစ်ကောင်စီအားထားရတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းဖြစ်ပြီး ကပစ စက်ရုံတွေ တည်ရှိတာကြောင့် ဒီလမ်းပိုင်းကတဆင့် တပ်ရွှေ့ပြောင်းတာ၊ အုပ်ချုပ်ထုတ်လုပ်မှုတွေ လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ လမ်းပိုင်းအသုံးပြုရာမှာ ပုံမှန်စစ်သုံးကားတွေထက် အရပ်သားကားတွေကို ချောဆွဲအသုံးပြုမှုတွေ များလာတယ်လို့လည်း သိရပါတယ်။
ပုံစာ- မင်းဘူးခရိုင် အမှတ် ၈တပ်ရင်း Wolf PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူ၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် ခရီးသွားလူငယ် ၁၃ဦး ဖမ်းဆီးခံရပြီး တကရ ၆၀၀၆ ဆီ အတင်းအကြပ် ပို့ဆောင်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာ နိုဝင်ဘာလ ပထမပတ်ထဲ ခရီးသွားလူငယ် ၁၃ယောက် ပေါ်တာဆွဲဖမ်းဆီးခံရပြီး တကရ ၆၀၀၆ တပ်ရင်းဆီ အတင်းအကျပ် ပို့ဆောင်ခံရတယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း၄ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်ကနေ ကချင်ပြည်နယ်၊ မြစ်ကြီးနားကိုသွားတဲ့ ခရီးသည်တင်ကား (၂)စီးပေါ်ကနေ ခရီးသွားလူငယ် ၁၃ယောက်ကို ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပိုင်း၊ ဇီးကုန်း - မလယ်လမ်းဆုံမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရတာပါ။
Read More

အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းချဖို့ မြိုင် ပကဖ က ထုတ်ပြန်

တပ်ရင်းတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ ပစ္စည်းအချို့ကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းမပြုလုပ်ဖို့ မြိုင်ပကဖ က မနေ့က ဇန်နဝါရီလ ၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

တိုင်းပြည်ရဲ့ စီးပွားရေးဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေတယ်လို့ မင်းအောင်လှိုင်ဝန်ခံပြောဆို

စီးပွားရေးနဲ့ပတ်သက်ရင် နိုင်ငံဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေသေးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။