မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၂ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College (တရားစီရင်ရေး ကောလိပ်) အဆောက်အဦးသစ် ဖွင့်ပွဲအခမ်းအနားမှာ  သူက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာ့တရားစီရင်ရေးဟာ အာဆီယံမှာတင်မကဘဲ ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ အဆင့်ထိရောက်ဖို့  လိုအပ်ကြောင်း မတရားတဲ့ ဥပဒေတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးအကျဉ်းချနေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စား အောင်လင်းဒွေးက ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပထမဦးဆုံး အဆင့်မြင့် တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနတစ်ခုဖြစ်တဲ့ Judicial College အဆောက်အဦးသစ်ကို စတင်ဖွင့်လှစ်နိုင်တဲ့နေ့ ဖြစ်တဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်အတွက် သာမကဘဲ နိုင်ငံ တော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ရမယ့် နေ့တစ်နေ့ လို့ အောင်လင်းဒွေးကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားစီရင်ရေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ညွှန်ကြားတဲ့အတိုင်း အမိန့်ချနေရတဲ့ တရားသူကြီးတွေရဲ့ အရေအသွေးကိုလည်း မြင့်တက်လာအောင် လုပ်ဆောင်ရဦးမယ်လို့ အောင်လင်းဒွေးက ပြောခဲ့ပါသေးတယ်။

မတရားတဲ့ဥပဒေတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရည်ထောင်ဒဏ် ပြစ်ဒဏ်တွေချမှတ်ခြင်း၊ နိုင်ငံတကာမှာတောင် မကျင့်သုံးတော့တဲ့ သေဒဏ်စနစ်ကို စစ်ကောင်စီက ကျင့်သုံးပြီး တရားရေးမဏ္ဍိုင်မှာ နိုင်ငံတကာက ဂုဏ်ယူရအောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေးက ပြောပါတယ်။

စစ်ကောင်စီက  သူတို့လက်ထက်မှာ  မန္တလေးတိုင်း၊ မွန်ပြည်နယ် စတဲ့ တရားလွှတ်တော်တွေကို အသစ်ဆောက်လုပ်ပေးခဲ့သလို ခရိုင်တရားရုံး ၅ ခုကိုလည်း အသစ်ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တရားစီရင်ရာမှာ အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည် ဆိုတဲ့ အသားကျနေတဲ့ စီရင်ထုံး လမ်းညွှန်ချက်အတိုင်း ဖြစ်စေဖို့ နဲ့ တရားသူကြီးတွေဟာ အမှန်တရားကို ချစ်မြတ်နိုးဖို့ အောင်လင်းဒွေးက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဖာပွန်ကနေ တပ်စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ယောက်သေ

ဖာပွန်မြို့နယ်၊ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှုမှာ စစ်သား ၁၀ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမိခဲ့ကြောင်း KNU တပ်မဟာ ၅၊ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီအထိုင်တပ်က ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့လို့ ကျေးရွာ ၃ ရွာက အရပ်သားတွေသေဆုံး

"ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။" လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စု အထိနာပြီး လေကြောင်းပစ်ကူသုံးခဲ့ရ

မကွေးတိုင်း၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး လေယာဥ်ပစ်ကူပေးခဲ့ရကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။