မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၂ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College (တရားစီရင်ရေး ကောလိပ်) အဆောက်အဦးသစ် ဖွင့်ပွဲအခမ်းအနားမှာ  သူက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာ့တရားစီရင်ရေးဟာ အာဆီယံမှာတင်မကဘဲ ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ အဆင့်ထိရောက်ဖို့  လိုအပ်ကြောင်း မတရားတဲ့ ဥပဒေတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးအကျဉ်းချနေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စား အောင်လင်းဒွေးက ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပထမဦးဆုံး အဆင့်မြင့် တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနတစ်ခုဖြစ်တဲ့ Judicial College အဆောက်အဦးသစ်ကို စတင်ဖွင့်လှစ်နိုင်တဲ့နေ့ ဖြစ်တဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်အတွက် သာမကဘဲ နိုင်ငံ တော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ရမယ့် နေ့တစ်နေ့ လို့ အောင်လင်းဒွေးကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားစီရင်ရေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ညွှန်ကြားတဲ့အတိုင်း အမိန့်ချနေရတဲ့ တရားသူကြီးတွေရဲ့ အရေအသွေးကိုလည်း မြင့်တက်လာအောင် လုပ်ဆောင်ရဦးမယ်လို့ အောင်လင်းဒွေးက ပြောခဲ့ပါသေးတယ်။

မတရားတဲ့ဥပဒေတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရည်ထောင်ဒဏ် ပြစ်ဒဏ်တွေချမှတ်ခြင်း၊ နိုင်ငံတကာမှာတောင် မကျင့်သုံးတော့တဲ့ သေဒဏ်စနစ်ကို စစ်ကောင်စီက ကျင့်သုံးပြီး တရားရေးမဏ္ဍိုင်မှာ နိုင်ငံတကာက ဂုဏ်ယူရအောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေးက ပြောပါတယ်။

စစ်ကောင်စီက  သူတို့လက်ထက်မှာ  မန္တလေးတိုင်း၊ မွန်ပြည်နယ် စတဲ့ တရားလွှတ်တော်တွေကို အသစ်ဆောက်လုပ်ပေးခဲ့သလို ခရိုင်တရားရုံး ၅ ခုကိုလည်း အသစ်ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တရားစီရင်ရာမှာ အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည် ဆိုတဲ့ အသားကျနေတဲ့ စီရင်ထုံး လမ်းညွှန်ချက်အတိုင်း ဖြစ်စေဖို့ နဲ့ တရားသူကြီးတွေဟာ အမှန်တရားကို ချစ်မြတ်နိုးဖို့ အောင်လင်းဒွေးက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကပစ ၂၄ မှ ပြန်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရကာ ၁၀ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ခုမှ ရဲဘော်၂ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ကြောင်း တောင်ညိုနဂါး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လောင်းလုံးတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် ထွေအုပ်ဝန်ထမ်း ၁ဦးကို ပကဖ ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ဟန်ပြလက်ခံပြီး စစ်ကောင်စီအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့ ထွေ/အုပ်ဝန်ထမ်း အောင်ဌေး ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မှာ လူငယ်တွေကို VPN အကြောင်းပြပြီး ဖုန်းနဲ့ငွေကြေး လိမ်လည်လုယက်မှုတွေ ဖြစ်ပွားနေ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လူငယ်တွေ ဖမ်းဆီးခံရမှုတွေ နေ့စဉ်ရှိနေပြီး စစ်တပ်နဲ့ ရဲ ဟန်ဆောင်ကာ ငွေကြေးလုယက်ခံရတာ၊ ဖုန်းလုခံနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။