ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။

တော်လှန်ရေးအတွက် အမှန်တကယ်စိတ်အားထက်သန်သူတွေကိုသာ တပ်သားသစ်အဖြစ် ခေါ်ယူလိုကြောင်း အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်မှုမှာ မြင်တွေ့ရပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကိုသာ လက်ခံမှာဖြစ်ပြီး လမ်းစရိတ် ကိုယ့်ဘာသာ အကုန်ကျခံရမှာဖြစ်သလို လိုက်နာရမယ့် အချက် ၁၀ ချက်ကိုလည်း ဖော်ပြထားပါတယ်။ အဲဒီ ၁၀ ချက်နဲ့ ငြိနေရင် အသက်ပေးထားတဲ့ ရဲဘော်တွေ၊ ချွေးနည်းစာ ပေးလှူထားတဲ့ ပြည်သူတွေကို အားနာသောအားဖြင့် တောထဲ မလာပါနဲ့ လို့ ဆိုထားပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်လာမယ့် လူငယ်တွေအတွကိ ကြိုတင်ပြင်ဆင်ပြီး စဉ်းစားဆုံးဖြတ်ချက်ချနိုင်ဖို့ ထုတ်ပြန်ခဲ့တာပါ” လို့ ပဲခူးခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းများ
တပ်ဖွဲ့ဝင်သစ်များအတွက် လျှောက်ထားရန် လိုအပ်ချက်များ
0 Shares:
You May Also Like
Read More

ကယန်းအမျိုးသားတပ်မတော်၊ အမှတ် (၂၁၀၅) တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့

ကယန်းအမျိုးသားတပ်မတော် (KNA)၊ အမှတ် (၂၁၀၅) တပ်ရင်းက တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ စက်တင်ဘာ ၂ ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ KNA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရ၊ တစ်လတာတိုက်ပွဲအတွင်း တအာင်းဒေသမှာ အရပ်သား ၂၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦး သေဆုံး၊ (၄) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။