မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါမြို့ တောင်ဘက်က စစ်ကောင်စီတပ်ရဲ့ လောင်ထောင်ဂိတ်မှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားပြီး ဂိတ်စောင့်အဖြစ် လုပ်ကိုင်နေရတဲ့ အသက် ၁၄ နှစ်အရွယ် ပျူစောထီးက လက်နက်မဲ့ အလင်းဝင်လာတာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီးဟာ ဂန့်ဂေါမြို့‌ပေါ် ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်ရဲ့ ဂိတ်စောင့်အဖြစ် ၃ လခန့် တာဝန်ပေးစေခိုင်းခံခဲ့ရပြီး တာဝန်ချိန်အတွင်း AK သေနတ် ကိုင်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူ ပျူစောထီးဟာ အဲ့ဒီတာဝန်တွေ မလုပ်ချင်တော့တာကြောင့် သက်ဆိုင်ရာ ပအဖ/ပကဖ တွေ ချိတ်ဆက်ကာ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး အလင်းဝင်ရောက်လာသူကို ဂန့်ဂေါမြို့နယ် ပကဖ က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဧည့်စာရင်းနှင့် လုံခြုံရေးအကြောင်းပြကာ လူငယ်လူရွယ်များကို အဖမ်းအဆီး ကြမ်းပြနေသည့် ရန်ကုန်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်လာပါတယ်။
Read More

နွေဦးတော်လှန်ရေး၏ အခြေအနေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ရန်လိုအပ်ဟု ကိုနန်းလင်း တိုက်တွန်း

နွေဦးတော်လှန်ရေးရဲ့အခြေအနေတွေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဖို့ လိုအပ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဆိုလိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ အပြင်မထွက်၊ အသံတိတ်သပိတ်ပြုလုပ်ပြီး လူထုလှုပ်ရှားမှုတစ်ရပ် ဆင်နွှဲကြဖို့ရှိပါတယ်။
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ပေးသည့် လူမှုထူးချွန်ဆုများကို ဒိန်းဒေါင် အပါအဝင် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် လူရွှင်တော်များ ရရှိ

အကြမ်းဖက်စစ်တပ်​အတွက် ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင် ဒိန်း​ဒေါင် အပါအဝင် စစ်အုပ်စုထောက်ခံသူ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စစ်ကော်မရှင်က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူမှုထူးချွန်ဆုတွေ ချီးမြှင့်လိုက်တယ်လို့သိရပါတယ်။
Read More

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောများကြောင့် မြစ်ဘေးဝဲယာကျေးရွာများ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ် သတိထားနေရ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ကို ဆန်တက်နေတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆက်တက်ဖို့ရှိနေတယ်လို့  Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။