အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ရန်ကုန်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂) နဲ့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄) တို့နဲ့ တွေ့ဆုံကာ အားပေးစကားတွေ ပြောကြားပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တပ်ရင်းတပ်ဖွဲ့တွေဟာ ရန်ကုန်ကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်မှုတွေအတွင်း အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်ကြမယ့် တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အတူ အလုပ်သမားရေးရာ ဒုဝန်ကြီး ဦးကျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှား၊ ရန်ကုန် ပကဖ တာဝန်ခံ၊ မွန် ပကဖ တာဝန်ခံ တို့လည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာ ၂ခုကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၊ ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရပြီး သာသနာ့ အဆောက်အဦးများနှင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပါဝင် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးပြီး ဦးဇင်း ၁ ပါး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်က အရပ်သားပြည်သူများကို မတရားသတ်ဖြတ်၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချနေဟု KNDF ဗျူဟာ ၉ ထုတ်ပြန်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာမှု မလုပ်ရန် အသိပေးတိုက်တွန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချသလို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ ၉ က ထုတ်ပြန်ထားပါတယ်။
Read More

သာပေါင်းမှာ ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲစည်းရုံးရေး လုပ်ခိုင်းနေ၊ တရုတ်နဲ့ ရုရှား အကူအညီတွေ လာတော့မယ်၊ မကြောက်နဲ့ လို့လည်း စည်းရုံးပြောဆိုသွား

ဧရာဝတီတိုင်း သာပေါင်းမြို့ပေါ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ပေးဖို့ အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်း လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်းရှိ ကျေးရွာတွေမှာ စလင်းမြို့နယ်(ပ.က.ဖ)၊ဒု-တာဝန်ခံ(ပြည်သူ့ရေးရာ) နဲ့ ရဲဘော်တွေက တော်လှန်ရေးကာလ အသိပညာပေးစကားတွေ ဟောပြောအားပေးခဲ့ပြီး လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။