နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပျဥ်းမနားမြို့နယ်၊ အဟာရသုခစျေးနဲ့ ဘောဂသီရိကားကြီးကွင်း အကြား ကင်ပွန်းတန်းကျေးရွာမြောက်ဘက်မှာရှိ တဲ့ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းငယ်တစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ ၁ ရက် မနေ့က မနက်အစောပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ထိခိုက်မှုရှိပေမယ့် အတိအကျကို အတည်မပြုနိုင်သေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ နေပြည်တော် ပကဖ က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို နေပြည်တော်-ပျဥ်းမနားမြို့နယ် (ပကဖ) တိုက်ခိုက်ရေး တပ်ခွဲ  ဗိုလ်တာရာအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ပေါင်းတည်တွင် ရဲစခန်းမှ ဂိတ်စခန်းကို ထွက်လာသည့် ရဲများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ်နှင့် နယ်ထိန်းရဲ အပြင်းအထန် ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မုတ္တိုင်ရဲစခန်းကနေ တမံကြီးရွာဘက် ဂိတ်စခန်းကို ထွက်ခွာလာတဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်နဲ့ နယ်ထိန်းရဲတို့ ၂ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်တပ်‌ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။