ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာတော့ KNDF တပ်ရင်း အမှတ် (၁၅) က ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုခြင်း၊ KNDF ဒုစစ်ဦးစီးချုပ် မာဝီက လက်ရှိ ကရင်နီ စစ်ရေး အခြေအနေကို ရှင်းလင်းပြောကြားခြင်းနဲ့ KNDF ဗဟိုကော်မတီဝင်တွေ ၊ KSCC ရဲ့ တာဝန်ရှိသူ၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူတို့က အားပေးတိုက်တွန်းစကားတွေ ပြောကြားခြင်း၊ ၃ နှစ်တာကာလအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ကိုယ်အင်္ဂါဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၅) တပ်မွေးနေ့ (၃) နှစ်ပြည့်အတွင်း တပ်ရင်းက ရဲဘော် (၁၃) ယောက် ကျဆုံးခဲ့ပြီး ရဲဘော် (၅) ယောက် ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

KNDF တပ်ရင်း ၁၅ လှုပ်ရှားနယ်မြေ ဖရူဆိုမြို့နယ် တစ်ခွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်အတွင်း လူမဆန် ရက်စက်စွာ မီးရှို့ သတ်ဖြတ်မှု၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုနဲ့ မြေမြုပ်မိုင်းတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တစ်ယောက် အပါအဝင် အရပ်သား (၉) ယောက် အထိ  သေဆုံးခဲ့သလို အရပ်သား (၁၁) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူနေအိမ် အလုံးရေ (၂၂၃) လုံးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၁၅)က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရိုးဂိုးက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်စဉ်မှာ မီးသတ်သမားနဲ့ ပရဟိတသမားတွေအပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လည်လွတ်‌မြောက်လာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌာဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ သာယာဝတီအကျဉ်းထောင်မှာ အဓမ္မထောင်သွင်းအကျဥ်းကျခံထားရာမှ ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်အတွင်း ဖိနှိပ်မှုများကြောင့် ခမရ (၄၀၃) မှ စစ်သားတစ်ဦး K.N.L.A တပ်မဟာ (၄) ထံ ဘက်ပြောင်းခိုလှုံလာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်‌ကောင်စီရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းက စစ်သား ၁ ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။