အထူးလှုပ်ရှားတပ် – Special Regiment မှ မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။

စစ်မျက်နှာတိုးချဲ့နိုင်ရေးနဲ့ စစ်သုံးစစ်ကို တိုက်ထုတ်ချေမှုန်းလိုတဲ့အတွက် တပ်ခွဲများ တိုးချဲ့ဖွဲ့ စည်း နိုင်ဖို့အတွက် ရဲဘော်တွေကို ခေါ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

အထူးလှုပ်ရှားတပ်ဟာ စစ်သုံးစစ်အမြစ်ဖြတ်တိုက်ထုတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြည်ထောင်စုတည်ဆောက်‌ရေးအတွက် တာဝန်ကျရာ ဒေသအသီးသီးမှာ တိုက်ပွဲလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်စစ်ဆင်ရေးတွင် KIA နှင့်အတူ ဗမာ့တပ်တော်ရဲဘော်များ ပါဝင်တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်စစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်မှုနဲ့အတူ ဗမာ့တပ်တော်ရဲဘော်တွေ ပါဝင်တိုက်ခိုက်နေတဲ့ ရုပ်သံမှတ်တမ်းကို ဗမာ့တပ်တော် BAMAR ARMY က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

အုန်နှဲဘုတ်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းတဲ့အတွက် ပြည်သူထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အုန်နှဲဘုတ်ရွာကို မနေ့ညပိုင်းက အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းလာတဲ့အတွက် ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်ခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

ကျားသစ်နက်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်စဉ် ပါဝင်ခဲ့ပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော်တိုက်ခိုက်ခဲ့တဲ့ စခန်းမှူး (ယာယီ) ဗိုလ်မိုက်တီးရဲ့ စျာပန (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်ပြည်သူ့ကာကွယ်‌ရေး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ စခန်းမှူး (ယာယီ) ဗိုလ်မိုက်တီး (ခ) ဇော်ရဲမှူး ရဲ့ နာရေးစျာပနကို အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ထံက သိရပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်‌ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် ဝရမ်းပြေးတစ်ယောက် ရှိနေသည် (ရုပ်/သံ)

ကမ္ဘာ့အဆင့် ဝရမ်းပြေးတစ်ယောက် နိုင်ငံထဲတွင် ရောက်ရှိနေကြောင်း အစချီပြီး ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့ရဲ့ လူစည်းကားရာ နေရာတစ်ခုမှာ စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။