ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ ကလောတပ်မ (၅၅) အကြမ်းဖက်စစ်ကြောင်းဟာ ဒီဇင်ဘာ၂၂ရက်နေ့မှာ မင်းပလောင်ကျေးရွာကို ဝင်ရောက်စီးနင်းရင်း ရွာခံတွေရဲ့ တန်ဖိုးကြီးပစ္စည်းနဲ့ ရွှေ ၊ငွေတွေကို တစ်အိမ်တက်ဆင်း ခိုးယူကာ နေအိမ်၊ မီးစက်၊ လယ်ယာသုံးထွန်စက်တွေနဲ့ စပါးကျည်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
လက်ရှိအခြေအနေအရ အကြမ်းဖက်စစ်ကြောင်း မရှိတော့ပေမယ့် ဒေသခံတွေဟာ ကျေးရွာအတွင်းပြန်ပြီး အခြေချနေထိုင်တာမျိုးမရှိသေးဘဲ စားဝတ်နေရေး အခက်အခဲတွေရှိနေတာ ဖြစ်ပါတယ်။
“ရိုးသားတဲ့ တောင်ယာလယ်လုပ် ဓါးမခုတ် ဘဝတွေခမျာ.. အခုလို လူမဆန်တဲ့ အာဏာရှင်စစ်ကြောင်းကြောင့် တစ်ရွာလုံး ကုန်းကောက်စရာမရှိအောင် မီးရှိူ့ဖျက်ဆီးခြင်းခံလိုက်ရတော့ ယူကျုံးမရ ခံစားနေကြရပါတယ်။ နဂိုကမှ အဆင်မပြေတဲ့ဘဝတွေ အခုလိုပြာပုံဘဝကိုရောက်သွားတော့ ခေတ်ပျက်ကြီးထဲ ဘယ်လိုရပ်တည်ကြမလဲဆိုတာ မသိတော့ပါဘူး” လို့
ရွာငံဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
လက်ရှိမှာ မင်းပလောင်ရွာခံတချို့ဟာနီးစပ်တဲ့ ဆွေးမျိုးအသိုင်းအဝိုင်းတွေရှိရာ ကျေးရွာတွေအပါအဝင် တောတောင်စိုက်ခင်းတွေထဲ ဖြစ်သလို နေထိုင်စားသောက်နေကြရပြီး စားနပ်ရိက္ခာ၊ အဝတ်အစားနဲ့ ဆေးဝါး ၊ ခြင်ထောင် ၊ အိုးခွက်ပန်းကန်တို့လို ပစ္စည်းတွေလည်းအရေးပေါ်လိုအပ်နေကြောင်း သိရပါတယ်။
ပုံစာ – ရွာငံမြို့နယ်၊ မင်းပလောင်ရွာ မီးရှို့ဖျက်ဆီးခံထားရစဥ်
0 Shares:
You May Also Like
Read More

ရေးမြို့နယ်က ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို EU ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ထပ်မံသက်တမ်းတိုး

အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်သူ ၁၀၆ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ သက်တမ်းတိုးကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 
Read More

ရွှေဈေး အဆမတန် မြင့်တက်မှုကြောင့် အရောင်းများပြီး အဝယ်ပါးနေ

အခုရက်ပိုင်းအတွင်း ရွှေဈေးက ၂သိန်းဝန်းကျင်မြင့်တက်လာကြောင့် အရောင်းအဝယ်ဈေးကွက်ထဲမှာ ရွှေရောင်းချသူတွေ များနေပြီး ဝယ်ယူသူတွေ နည်းပါးနေတယ်လို့ ရွှေကုန်သည်တွေထံက သိရပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ရဲနဲ့ပျူ ၆ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ​ကြို့ပင်ကောက်မြို့နယ်မှာ သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၂ယောက်နဲ့ ပျူစောထီး၄ယောက်သေဆုံးပြီး စစ်တပ်သတင်းပေး၁ယောက်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Black Dragon GBK-PDF တပ်ခွဲမှူး ရိုးမနဂါးက မောင်းကို ပြောပါတယ်။