ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် – DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို ဒီဇင်ဘာ ၂၂ ရက် နဲ့ ၂၃ ရက်မှာ ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခဲ့တာပါ။
စစ်ကောင်စီတပ် ဖျက်ဆီးခံရပြီးနောက် ကျေးရွာနေပြည်သူတွေ စားနပ်ရိက္ခာ ပြတ်တောက်နေပြီး မိုးကာ ၊ အိုးခွက်ပန်းကန်တွေ ၊ စောင်တွေနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ DSNDA က ဆိုပါတယ်။
DSNDA က လက်ရှိမှာတော့ မင်းပလောင်ကျေးရွာနေ ပြည်သူတွေကို တစ်အိမ် ဆန်( ၈ )ပြည်နှုန်းဖြင့် ခွဲဝေပေးထားပြီး အခြားလိုအပ်ချက်တွေကိုလည်း စီမံဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်အနေနဲ့ မင်းပလောင်ရွာ ပြန်လည် နေရာချထားရေးနဲ့ ပြန်လည်တည်ဆောက်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မင်းပလောင်ကျေးရွာကို ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဗဟန်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ နောက်တန်း ခေတ္တပြန်နားတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
Read More

ပခုက္ကူမြို့ပေါ် မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံရှိ စစ်အုပ်စုကို တော်လှန်ရေးရဲဘော် ၇ ဦး ဝင်ရောက်တိုက်ခိုက်၊ ရဲ ၄ ဦး သေပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ Pakokku - Special Task Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ စစ်တပ်ထဲမှာ အမျိုးသားရေးအစွန်းရောက်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကို စစ်သင်တန်းပို့ချနေ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကရင်နီပြည်အခြေစိုက်  ကလလတ တပ်ရင်း ၆၂၆ ၊ တပ်ခွဲ (၁) မှ ဒုတပ်ခွဲမှူး ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ ကလလတ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။