အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို နေရာပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် ဧရာဝတီတိုင်း၊ နတခ တိုင်းစစ်ဌာနချုပ်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိလာတာပါ။
ဒု-စစ်ခေါင်းဆောင်ဟာ ပုသိမ်မြို့ကို ရောက်ရှိလာခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်းက ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်ကြား ထိတွေ့တိုက်ပွဲတွေ ဧရာဝတီတိုင်းအတွင်း အချိန်မရွေးဝင်ရောက်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ နတခ တိုင်းမှူးအသစ်ကို မှာကြားခဲ့သလို၊ ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားဖို့ ညွှန်ကြားခဲ့တယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။
“မနေ့က ပုသိမ်မြို့ထဲမှာ လုံခြုံရေးတွေ တင်းကြပ်ထားတာရှိတယ်၊ တိုင်းစစ်ဌာနချုပ်က လမ်းပေါ်တွေမှာလည်း လုံခြုံရေးတွေ တိုးချဲ့ထားတာရှိခဲ့သလို ပုသိမ်မြို့ မြတ်သိုရပ်ကွက်လမ်းဆုံမှာ ယာဥ်ထိန်းရဲနဲ့ စစ်သားအချို့ လုံခြုံရေးယူပေးနေတာ တွေ့ရတယ်” လို့ ပုသိမ်မြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ရခိုင်ဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချအညံ့ခံတာ၊ ထွက်ပြေးတာတွေ များလာနေတာကြောင့် ဧရာဝတီတိုင်းကို လာရောက်ကြည့်ရှုစစ်ဆေးတာ လို့လည်း နတခတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူ နောက်တစ်ယောက်က ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတက်ရောက်နေရသူတွေကိုလည်း ဒု-စစ်ခေါင်းဆောင်စိုးဝင်းနဲ့အတူ နတခ တိုင်းမှူးအသစ်က သွားရောက်တွေ့ဆုံခဲ့တယ်လို့ ၄င်းကဆက်ပြောပါတယ်။
ပုံစာ – စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်နေရတဲ့ သင်တန်းသားတွေနဲ့ သွားရောက်တွေဆုံခဲ့တဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း
0 Shares:
You May Also Like
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

ပခုက္ကူမြို့ပေါ် မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံရှိ စစ်အုပ်စုကို တော်လှန်ရေးရဲဘော် ၇ ဦး ဝင်ရောက်တိုက်ခိုက်၊ ရဲ ၄ ဦး သေပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ Pakokku - Special Task Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ယောက်အပါအဝင် စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘိုကလေးမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်တွေနဲ့ ထောင်ထွက်တွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ်သင်တန်း ပို့ချနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

Justice Soldier Drone တပ်ဖွဲ့မှ ဒရုန်းနှင့် နည်းပညာ အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင် (၂၀၀) ဦးခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသလက်အောက်ရှိ Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ နည်းပညာ အင်အားဖြည့်တင်းဖို့အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူနေတယ်လို့ သိရပါတယ်။