အာဆီယံက မြန်မာအရေးမှာ ကူညီပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ Blood Money က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတဲ့ အာဆီယံဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အားလုံးပါဝင်သော ဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်ဆိုပေမယ့် မြန်မာစစ်အုပ်စုကိုသာ အကာအကွယ်ပေး နေတယ်လို့ မနေ့က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ပါတယ်။

မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို စာရွက်သဖွယ် မှတ်ယူထားပြီး သဘောတူညီချက်တစ်ချက်မှ လိုက်နာကျင့်သုံးခဲ့ခြင်းမရှိပါဘူး။  

အာဆီယံဟာ မင်းအောင်လှိုင်တို့ စစ်အုပ်စုကို  အချက်(၅) ချက် မလိုက်နာလို့ အရေးယူမှု ပြုလုပ်ရမယ့်အစား အာဏာသိမ်းစစ်တပ်နဲ့  (၃) နှစ်ကျော်လုံး ထိတွေ့ဆက်ဆံခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ဟာ ထိရောက်ခြင်းမရှိတာကို သိရှိနေရပြီဖြစ်ပေမယ့်   အာဆီယံဟာ အဆိုပါ အချက်(၅)ချက်ကိုသာ ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၉) မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အာဆီယံဟာ အကြမ်းဖက်သ-တ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုနဲ့  သာမန်ထိတွေ့ဆက်ဆံခြင်းမျိုးမဟုတ်ဘဲ ၂၀၂၄ အောက်တိုဘာလမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်ခွင့်ပြုခဲ့ပါသေးတယ်။

ဒါ့အပြင်  အောက်တိုဘာလထဲတွင်ပင် အာဆီယံ၏ APOL ညီလာခံကို စစ်အုပ်စုအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးပြီး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း၊ နိုဝင်ဘာ (၇) ရက်နေ့တွင် အာဆီယံအဖွဲ့ဝင် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယာ နိုင်ငံတို့မှ စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွါးရေးပူးပေါင်းဆောင်ရွက််မှု မဟာဗျူဟာ ဥက္ကဌအဖြစ် ခန့်အပ်ခြင်း စတဲ့ လုပ်ရက်တွေကို လုပ်ဆောင်ခဲ့ပါသေးတယ်။  

ဒါဟာ တိုင်းပြည်ကို တရားမဝင် အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို တရားဝင်မှုများစွာဖြင့် မြန်မာကိုယ်စားပြုခွင့် ပေးနေခြင်းဖြစ်တယ်လို့ Blood Money ကဆိုပါတယ်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့   ထိုင်းနိုင်ငံမှ စစ်ကောင်စီကို  လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ဒေါ်လာ သန်း ၁၂၀ ကျော်ဖိုး တင်ပို့ရောင်းချပေးခြင်းနဲ့ စင်္ကာပူနိုင်ငံမှ ဒေါ်လာ ၁၀ သန်းကျော်ဖိုး တင်ပို့ရောင်းချခြင်းများ ရှိခဲ့တယ်လို့ ထွက်ပေါ်လာတဲ့ အထောက်အထားများကို ကိုးကားပြီး Blood Money ကထုတ်ပြန်ပါတယ်။

ဒါ့အပြင်  ဗီယက်နမ်နိုင်ငံဟာ  နိုင်ငံတကာပိတ်ဆို့မှုများမှ စစ်အုပ်စုအနေဖြင့် လေယာဉ်ဆီကို ရှောင်လွှဲဝယ်ယူနိုင်ရန် ဗီယက်နမ်က ၎င်းရဲ့ ဆိပ်ကမ်းများ အသုံးပြုခွင့် ပေးပြီး  စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေခြင်းဖြစ်ပါတယ်။

တဖက်မှာတော့  အာဆီယံဟာ NUG, NUCC, EROs ကဲ့သို့သော မြန်မာကိုယ်စားပြုနိုင်သူများကိုမူ အလွတ်သဘောသာ တွေ့ဆုံမှုအချို့ ပြုလုပ်ခဲ့ပါတယ်။

အခုလို လုပ်ရပ်ဟာ မြန်မာ့အရေးမှာ အာဆီယံ၏ “အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းသော ဖြေရှင်းချက်” ကို လုံးလုံးသွေဖယ်နေခြင်းလည်းဖြစ်ပါတယ်။

အာဆီယံဟာ မြန်မာပြည်သူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင်လည်း ပြည်သူများထံ အမှန်တကယ် ရောက်ရှိနိုင်သည့်နည်းလမ်းကို ရှာဖွေဖြေရှင်းရမည့်အစား စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဌာနဆိုင်ရာတွေကိုသာ တိုက်ရိုက် ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို အကူအညီတွေကို စစ်အုပ်စုဘက်က စိတ်ကြိုက်ခြယ်လှယ်လွှမ်းမိုးပြီး အမှန်တကယ်ဒု က္ခရောက်နေသူတွေထံ မရောက်ရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုမှ ခြယ်လှယ်ခွင့်ရနေသ၍ အာဆီယံမှ ပေးတဲ့ အကူညီများ (ငွေကြေးအပါအဝင်) ဟာ လူသားချင်းစာနာထောက်ထားမှု အကူညီများမဟုတ်နေဘဲ မြန်မာပြည်သူများအား သ_တ်ဖြတ်နေတဲ့ သွေးစွန်းငွေများသာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်. 

ဒါ့ကြောင့်  အာဆီယံဟာ  ပြည်သူလူထု လိုလားတဲ့  မြန်မာ့နိုင်ငံရေးကို အမှန်တကယ် ဖြေရှင်းပေးရန်ထက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ်မှ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှု ကြေညာချက် ထုတ်ပြန်ခြင်း ခံထားရတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ၎င်းတို့ စစ်အုပ်စုကိုသာ တရားဝင်မှုပေးရန် ထိတွေ့ဆက်ဆံလျက်ရှိတယ်လို့  အာဆီယံကို Blood Money က ဝေဖန်ထောက်ပြပြောကြားလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

မြိုင်မြို့နယ် အနောက်ဘက် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က အရပ်သား ၇ ဦးကို ဓားစာခံလုပ် ဖမ်းဆီးကာ စစ်ကြောင်းဆက်ထွက်ဖို့ ပြင်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ်အလုံး ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးကာ ကျေးရွာနေ အရပ်သား ၇ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ရခိုင်လမ်းပိုင်းကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အထက်မင်းလှမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၀ ယောက်သေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေအပါဝင် ပုသိမ်-မုံရွာ လမ်းပိုင်းကိုပါ ပိတ်ဆို့ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကွေးတိုင်း၊ သရက်ခရိုင် ၊ အထက် မင်းလှမြို့နယ်မှာ ၂ ရက်ဆက် ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Read More

တာမွေမြို့မရဲစခန်းကို ပကဖ တပ်ဖွဲ့ဝင်များ လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ တာ​မွေမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းဝန်းအတွင်း ဗုံးသီးကျရောက်ခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။