ချင်းပြည်နယ်အတွင်း ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၇၄ ကနေ စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် – ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့ ခလရ (၂၇၄) ကနေ စစ်ရှုံးလို့ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်တပ်က တပ်သား ခိုင်မင်းအောင်၊ တပ်သား ဝင်းနိုင်စိုး၊ ဒုတပ်ကြပ် သန့်ဇင်ထွန်း၊ တပ်ကြပ် ဆန်းဦး၊ ဒုတပ်ကြပ် အောင်မျိုးထွန်း၊ တပ်သား ကျော်ဇင်လတ်နဲ့ မိသားစုဝင် ၄ ယောက်အပြင် စစ်ကောင်စီတပ်က ဇော်မျိုးလှိုင်နဲ့ လီဂျေ စုစုပေါင်း (၁၂) ယောက်ကို ယောဗျူဟာက ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၉ ရက်မှာ စတင်တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ‘ချင်းညီနောင်’ နဲ့ မဟာမိတ် အာရက္ခတပ်တော်၊ ယောကာကွယ်ရေးတပ်၊ ယောတပ်တော်၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ အပါအဝင် မဟာမိတ်အင်အားစုတချို့ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ပြီး ၄၄ ရက်အကြာမှာတော့ မင်းတပ်မြို့တစ်ခုလုံးကို အပြည့်အဝထိန်းချုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ် ပကဖ မှ သီတင်းကျွတ်လပြည့်နေ့မှာ ကျဆုံးရဲဘော် ၁၂၃ ဦးကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ပကဖ ရဲဘော်တွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ချင်းအဖွဲ့အစည်းနှစ်ခု၏ နိုင်ငံရေးသဘောထားကြီးစွာ ပူးပေါင်းနိုင်ခဲ့မှုဟာ စံပြုရမည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းဖြစ်ကြောင်း NUG သဝဏ်လွှာ ပေးပို့

ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

မြင့်ဆွေ သေဆုံးပြီးနောက် သူ့မြေကွက် သားမက်‌ ရောင်းစားလို့ မိသားစုတွေ ပြဿနာတက်

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အားပေးကူညီခဲ့တဲ့ စစ်တပ်လက်ပါးစေ ယာယီသမ္မတမြင့်ဆွေ သေဆုံးပြီးတဲ့နောက်ပိုင်း သူပိုင်ဆိုင်တဲ့ မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားတဲ့အတွက် မိသားစုကြား အငြင်းပွားမှုပြဿနာတွေ ဖြစ်နေပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြင့်ဆွေ အမည်ပေါက် ပေ ၈၀၊ ပေ ၆၀ အကျယ် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက ရောင်းစားထားခဲ့တာလို့ သိရပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီ ဖမ်းဆီးထားသူ ၉ ဦး ၁၀ ရက်ဝန်းကျင် ကြာသည်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။