လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ ကွယ်လွန်ခဲ့တဲ့ ဒေါ်ခင်ကြည်ကို ကိုထိန်လင်းက ဂါရဝပြုကြောင်းကို “မြန်မာနိုင်ငံအတွက်ရော၊ မေမေအတွက်ပါ စံပြုစရာဖြစ်ခဲ့တဲ့ ဖွားဖွားကို ဒီနေရာကနေ ရှိခိုးဂါရဝ ပြုလိုက်ရပါတယ်ခင်ဗျာ။ ဖွားဖွားနဲ့ ပတ်သက်တဲ့ အမှတ်ရစရာများ ဓာတ်ပုံများရှိရင် ဒီမှာလာပြီး မျှဝေပြောပြပေးပါခင်ဗျာ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားမျှဝေထားတာပါ။

(ဓာတ်ပုံ Kim Aris-Htein Lin’s Facebook)

၁၉၈၇ ခုနှစ် အသက် (၁၀)နှစ်ပြည့်ချိန်မှာ ရန်ကုန်မြေကို ခြေချခဲ့တဲ့ ကိုထိန်လင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်ပွန်းဖြစ်သူတို့က ဒေါ်ခင်ကြည် ဦးစီးမှုနဲ့ ရှင်ပြု၊ ကိုရင် ဝတ်ပေးခဲ့တယ်ဆိုပြီး ကိုထိန်လင်းက သူ့ရဲ့ ငယ်ဘဝ အကြောင်းကို ပြောဆိုထားပါတယ်။ 

လူစုလူဝေး မလုပ်ဖို့ တင်းကျပ်ထားတဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကို အာခံပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်ခင်ကြည်ကို ချစ်ခင်တဲ့ မြန်မာပြည်သူများစွာဟာ ဒေါ်ခင်ကြည်ရဲ့စျာပနကို တက်ရောက်လိုက်ပို့ခဲ့တယ်လို့လည်း ကိုထိန်လင်းက ဆိုပါတယ်။

(ဓာတ်ပုံ Kim Aris-Htein Lin’s Facebook)

“ဖိုးဖိုး နဲ့ ဖွားဖွားလိုပဲ နိုင်ငံချစ်စိတ် အပြည့်ရှိတဲ့ မေမေ့ဟာလည်း ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့တယ်။ ကျွန်တော်တို့ မိသားစုအတွက်လည်း ကံကြမ္မာ အပြောင်းအလဲ အကြီးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ” လို့လည်း ကိုထိန်လင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်အတွက် ပေးဆပ်ခဲ့မှုကို ရေးသားဖော်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်တို့ရဲ့ ကြိုးပမ်းမှုအတွင်း နောက်ကွယ်ကနေ အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့သလို ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရပြီးနောက်မှာလည်း တိုင်းပြုပြည်ပြုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့ စံပြအမျိုးသမီး ၁ ယောက် ဖြစ်ပါတယ်။

(ဓာတ်ပုံ Kim Aris-Htein Lin’s Facebook)
(ဓာတ်ပုံ Kim Aris-Htein Lin’s Facebook)
0 Shares:
You May Also Like
Read More

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အမှုတွဲမှာပါဝင်တဲ့ နိုင်ကျဉ်း ၅ယောက်ကို လာမယ့် ၂၄ ရက်နေ့မှာ သေဒဏ်ပေးတော့မယ်လို့ သတင်းတွေထွက်ပေါ်နေ

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် (မောင်ကျော်)၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ သေဒဏ်ကြိုးမိန့်ချခံခဲ့ရတဲ့ အမှုမှာ အမှုတွဲအနေနဲ့ ပါဝင်နေတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၅ယောက်ကို လာမယ့် စက်တင်ဘာ၂၄ ရက်နေ့မှာ ပြစ်ဒဏ်စီရင်ချက် ချတော့မယ်လို့ ထောင်တွင်းနီးစပ်သူတွေထံက သိရပါတယ်။
Read More

ရန်ကုန်မြို့မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ရေထဲခုန်ချ

ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်ကနေ နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ အမျိုးသမီးတစ်ဦး ရေထဲခုန်ချပြီး ကိုယ်ကိုယ်ကို သတ်သေမှု ဖြစ်ပွားကာ သေဆုံးခဲ့ရတယ်လို့ Yangon Rescue Organization အဖွဲ့ ဆီကသိရပါတယ်။ သေဆုံးသွားသူ အမျိုးသမီးရဲ့အမည်၊ အသက်နဲ့ နေရပ်လိပ်စာကို မသိရသေးဘဲ လက်ရှိမှာရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အဆိုပါအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို ပယ်ချရန် အာဆီယံခေါင်းဆောင်များထံ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော် စာပို့

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပယ်ချဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က အာဆီယံခေါင်း ဆောင်တွေထံ စက်တင်ဘာ ၃ ရက် မနေ့က စာတစောင်ပေးပို့ပြီး အရေးတကြီး တောင်းဆိုလိုက်ကြောင်း တရားမဝင်အတု အယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး-Anti-illegal Sham Election က ထုတ်ပြန်ထားပါတယ်။
Read More

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ ကြည်းတပ် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဘုတလင်ရှိ မီးဘေးသင့်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော်က အခြေခံစားနပ်ရိက္ခာတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူအား တာဝန်မှ ယာယီရပ်နားကာ စစ်ဆေးနေသည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားကာ သူတို့နဲ့ ပတ်သက်တဲ့ တိုင်ကြားချက်အ‌ပေါ် စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ စတင်‌ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။