စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်မှာ  LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်းမှာပဲ ဒီဇင်ဘာလ(၂၅)ရက်မှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ နိုဝင်ဘာလ ဒုတိယအပတ်ကစလို့ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရဖို့ မြို့မရဲစခန်းတာဝန်ရှိသူတွေ တင်ပြခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘုံဘုံကို ဆေးရုံဆီ ပို့ဆောင်ကုသခွင့်မပေးခဲ့ဘဲ အချုပ်ခန်းတွင်းမှာပဲ ဆလိုင်းချိတ် ကုသပေးမှုတွေသာ ယာယီလုပ်ဆောင်ပေးခဲ့ပြီး ထပ်မံချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ဒုတိယအပတ်ကစလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့တဲ့ အဆိုပါ နိုင်ငံရေးအကျဥ်းသားဟာ အစာမာတွေကိုပါ မစားသောက်နိုင်တော့ဘဲ ကျန်းမာရေးပိုမိုဆိုးရွားလာခဲ့ပြီးနောက် ဒီဇင်ဘာလ(၂၅)ရက် မနေ့က ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသား ဘုံဘုံကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်မှာ မုံရွာမြို့ အောင်ဇေယျရပ်ကွက်၊ အိုးရှင်းစင်တာအနီး ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀(ည)၊ပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့နဲ့ အမှုဖွင့်ကာ ဒီဇင်ဘာလ(၂၃)ရက်မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသူဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ အဖမ်းမခံရခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေအရေးကို ဆောင်ရွက်လုပ်ကိုင်ခဲ့သူဖြစ်တာကြောင့် PPNM အဖွဲ့ဝင်တွေအနေနဲ့ ဝမ်းနည်းခြင်းများစွာနဲ့ ဦးညွတ်အလေးပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၊ ၃ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ သေနတ် ၂လက်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏အကြမ်းဖက်မှုများ ရပ်တန့်စေရန်အတွက် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာကို ကေအဲန်ယူ‌တိုက် တွန်းတောင်းဆို

“ကေအဲန်ယူအနေဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းအား အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်နှင့် ယင်းရာဇဝတ်မှုများအတွက် တာဝန်ခံမှုယူစေရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် တိုက်တွန်းအပ်ပါသည်”လို့ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ချက်မှာ ကေအဲန်ယူက ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 
Read More

ကျောက်တော်မှ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ဦးသေဆုံးသည့် ဖြစ်ရပ် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA ကြေညာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စာသင်ကျောင်း ၂ ခုကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ယောက် သေဆုံးခဲ့တဲ့အပေါ် အကြမ်းဖက်စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ကပစ-၂၁ က စစ်ကားတွေ​ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ပွင့်ဗိုလ်အပါ ၄ယောက် သေ၊ ၅ယောက် ဒဏ်ရာရ

မကွေးတိိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၁က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ပွင့်အရာရှိ အပါအဝင် စစ်သား ၄ ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၄) ၊ တပ်ခွဲ (၁) သတင်းထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။